Friday, 25 October 2013
မွန်တို့သမိုင်း အပိုင်း ၄ (ဓလေ့ထုံးစံ)
မွန်တို့သည် မွန်ခမာလူမျိုးအနေဖြင့် ယန်စီကျန်မြစ်ဝှမ်းတွင် နေထိုင်စဉ်ကတည်က မိမိ
တို့ ကိုယ်ပိုင်ယဉ်ကျေးမူနှင့် နေလာခဲ့သူများ ဖြစ်လေသည်။ ယန်စီကျန်မြစ်ဝှမ်းမှ ထိုင်းနိုင်ငံတောင်
ပိုင်းနှင့် မြန်မာပြည်အောက်ပိုင်းတွင် အခြေချနေထိုင်သောအခါတွင်လည်း အိန္ဒိယတိုင်းရင်းသား
ကုန်သည်မျာှးင့် ထိတွေ့ပြီး အိန္ဒိယယဉ်ကျေးမူကိုလည်း မိမိကိုယ်ပိုင်ယဉ်ကျေးမူနှင့် သင်လျော်သ
လို ပြင်ဆင်လက်ခံ၍ ကိုယ်ပိုင်ယဉ်ကျေးမူအဖြစ်သို့ပြောင်းလဲယူကြကုန်၏။ မွန်တို့သည်ထိုအိန္ဒိယ
တိုင်းရင်းသား လူမျိုးများထံမှ ဟိန္ဓူဘာသာအယူဝါဒ၊ စာရေးသားသည့်အတတ်၊ အုပ်ချုပ်မှူ နှင့် နေ
ထိုင်ဝတ်ဆင်ဆက်ခံမူများ စသော အလေ့အထများကို ရရှိကြလေသည်။နောက်ပိုင်တွင်ဗုဒ္ဓဘာသာ
အယူဝါဒကို ရရှိပြန်လေသည်။
မွန်တို့သည် အခြားသောရှေးဟောင်း လူမျိုးများနည်းတူ လက်ဦးအစတွင် ကိုးကွယ်ယုံ
ကြည်မူ၌ သဘာဝတရား၏ ထူးခြားချက် အံ့ဖွယ်အချက်အလက်များကို ကြောက်ရွံ့ကြသဖြင့် နတ်
ကိုးကွယ်မူကို ယုံကြည်ခဲ့ကြသည်။ ထို့နောက်မှ ဟိန္ဓူဘာသာအယူဝါဒနှင့် ဗုဒ္ဓအယူဝါဒများကို
ဆက်လက် လက်ခံလာကြသည်။
ဗုဒ္ဓအယူဝါဒကို လေးလေးနက်နက် လက်ခံယုံကြည်ကြသောလည်း အချို့မွန်တို့သည်
နတ်ကိုးကွယ်မူကို ယခုတိုင်ဆက်လက် ဆက်ခံလျက်ရှိသည်ကို တွေ့ရလေသည်။ ထို့ကြောင့်အချို့
မွန်တို့သည် ပဋိသန္ဒေတည်စအချိန်တွင်၊ ကင်ပွန်တပ်ရာတွင်၊ လူပျိုဝင်ချိန်များတွင် နတ်တို့က
ကြည့်ရှစောင့်ရှောက်ရန် နတ်တို့အား ပူဇော်ပွဲကို ပြုလုပ်ကြလေသည်။ မမာမကျန်းဖြစ်ပေါ်လာ
သောအခါတွင်လည်း နတ်တို့က ကူညီကုသပေးရန် နတ်ကခြင်းအမူကိုလည်း ပြုလုပ်ကြလေ
သည်။ မွန်လူမျိုးတို့ကိုအုပ်စုသုံးခုခွဲပြီးမွန်ဒိုင် ၊ မွန်ဒ ၊ မွန်ည ဟူ၍ ခေါ်ဆိုကာ မွန်ဒိုင်မှာဒဂုံ
ဟံသာဝတီတွင် နေထိုင်သောမွန်ဖြစ်ပြီး ကိုးကွယ်သောနတ်မှာ အုန်းသီးနတ်ဟူ၍ သတ်မှတ်ကြ
လေသည်။ မွန်ဒ မှာပုသိမ်မြို့တွင်နေထိုင်သူများ ဖြစ်ကြပြီး နတ်အဝတ်အစားကို သိမ်းဆည်းထား
ပြီး ကိုးကွယ်သူများဟု ဆိုလေသည်။ မွန်ည အုပ်စုမှာ မုတ္တမ ဒေသတွင်နေပြီး နတ်အိမ်ဆောက်
နတ်ကိုးကွယ်သော သူများဟု သတ်မှတ်ကြလေသည်။
အုပ်စုသုံးစုလုံးမှ မွန်တို့သည်မိမိတို့နတ်များကို ကိုးကွယ်သည့်အလျောက်နတ်ကသောအ
ခါတွင်လည်း အတူတူလောက်ပင်ကကြသည်ကိုတွေ့ရသည်။ မွန်နတ်ပွဲတွင် အနည်းဆုံးနတ်အမျိုး
(၃၀)လောက်ရှိလေည်။ အချို့နတ်ပွဲအမျိုးပေါင်း (၁၀၀) အထိနတ်များလည်း ရှိသည်ဟုဆိုလေ
သည်။ နတ်ဆိုင်းတီးရာတွင်လည်း နတ်တစ်မျိုးနှင့် တစ်မျိုးမတူသကဲ့သို့ ဆိုင်းတီးလုံး တီးကွက်
မှာလည်း မတူသည်ကို တွေ့ရလေသည်။ နတ်တစ်မျိုးအတွက် ဆိုင်းတစ်မျိုးတီးပေးရသည်ဟု ဆို
လိုသည်။
မွန်ပုံပြင်တွင် တွေ့ရှိရသော ဦးရှင်ကြီး (နဲာဒကောင်ပိုန်) နတ်နှင့် ပဲခူး ဟံသာဝတီသမိုင်
တွင် တွေ့ရှိရသော နံကရိုင်းနတ်တို့သည် မွန်နတ်များပင်ဖြစ်သော်လည်း ယခုအချိန်တွင် မြန်မာ
တစ်ပြည်လုံးလောက်တွင် ကိုးကွယ်ပူဇော်ခြင်းခံရသော နတ်များ ဖြစ်လေသည်။ နံကရိုင်းနတ်ဆို
သည်မှာ အသားမင်းသားအား ကြည့်ရှူစောင့်ရှောက်ထားသော ကျွဲပေါင်းငါးရာတို့၏ အကြီးအကဲ
ကျွဲမကြီး သေဆုံးပြီးနောက် နတ်ဖြစ်နေသည်ကိုဆိုလိုသည်။ ပထမတွင်နံကရိုင်းကျွဲမ နတ်အား
တစ်နှစ်တစ်ခါ ပူဇော်ပွဲပြုလုပ်ရာတွင် ကျွဲတစ်ကောင်ကို သတ်ဖြတ်ပြီး ပူဇော်ကြလေသည်။
နောင်သောအခါကျွဲတစ်ကောင်ကို ပူဇော်ရန် အခြေအနေမပေးသော အခါ၌ နံကရိုင်းနတ်ကို
ပူဇော်လေ့ရှိသောမွန်တို့ကကျွဲအစား ငါးရံတစ်ကောင်ကိုယူပြီး နဖားထိုးကာ ၊ ကျွဲသဏ္ဍာန်ပြုလုပ်
ပြီး ပူဇော်သည်ကို ငါးရံ့နဖားထိုးနတ်အား ပူဖော်သည်ဟူ၍ ခေါ်ဝေါ်ကြလေသည်။ ထို့ကြောင့်
ငါးရံ့နဖားထိုးပြီးနတ်ပူဇော်သူများကို မွန်အဆက်အနွယ်များ ဟူ၍ သတ်မှတ်ကြလေသည်။
မွန်တို့၏ဓလေ့ထုံးစံများအနက် တစ်ယောက်နှင့် တစ်ယောက် မိတ်ဖွဲ့ခြင်းသည် အလွန်
ကောင်းမြတ်သော အလေ့အထတစ်ခုဟုဆိုရပေမည်။ မွန်တို့သည် မိမိတို့နေထိုင်ရာရွာမှ အခြားရွာ
သို့ အလည်အပတ်သွားရောက်၍ သော်လည်းကောင်း၊ သို့မဟုတ်ကုန်ကူးသန်းရောင်းဝယ်ရန်အ
တွက် သွားရောက်သောအခါတွင်လည်းကောင်း၊ ဆွေမျိုးတော်စပ်သူမဟုတ်သော်လည်း ရင်းနှီးခင်
မင်ကြရန် မိတ်ဖွဲ့လေ့ရှိကြသည်။ ယောက်ျားအချင်းချင်းမိတ်ဖြစ်လျှင် (ဇွာ ) မိန်မအချင်းချင်းမိတ်
ဖြစ်လျှင် (ပြေဲာ )ဟု၍ခေါ်ကြပြီး၊မိန်မနှင့်ယောက်ျားမိတ်ဖြစ်ကြသည်ကိုလည်း (ပြေဲာ ) ဟုပင်ခေါ်ကြ
လေသည်။ ဤကဲ့သို့တစ်ရွာနှင့်တစ်ရွာ မိတ်ဖြစ်ပြီး အလွန်ချစ်ခင်ရင်းနှီးသော မိတ်ဆွေများ ဖြစ်
ပြီးနောက် တစ်ယောက်ကို တစ်ယောက် စီးပွားရေးတွင်လည်းကောင်း၊ လူမူရေးတွင်လည်းကောင်း၊
ကူညီကြသည်မှာ ဆွေမျိုးအရင်အချားထက်ပင် အားကိုးရသူများ ဖြစ်ကြလေသည်။ ဤကဲ့သို့ တစ်
ရွာမှ တစ်ခြားရွာရှိလူများ မိတ်ဖွဲ့နိုင်ခြင်းအားဖြင့် တစ်ရွာနှင့်တစ်ရွာမှာလည်း နာလည်မူ ရရှိကြပြီး
သင့်တင့်ညီညွတ်စွာ နေထိုင်ကြသဖြင့် အေးချမ်းသာယာသော အခြေအနေကို ဖန်တီးထားသလို
ဖြစ်ပေါ်စေသည်။
ယခုခေတ်တွင်လက်ထပ်ထိမ်းမြားရာတွင်မွန်နှင့်မြန်မာတို့၏ ဓလေ့ထုံးစံမှာအလွန်တူသည်
ဟု ဆိုရသော်လည်း အချို့နေရာဒေသများတွင် မတူကွဲပြားခြားနားသည်ကို ယခုတိုင် တွေ့ရှိနိုင်ပါ
သည်။ လက်ထပ်ထိမ်းမြားခြင်းကိုဘုရားမပွင့်မီ ကမ္ဘာဦးလူတို့က သတ်မှတ်ထားသော အလေ့အထ
အပြင် နောက်ပိုင်းတွင် ဟိန္ဓူအလေ့အထနှင့် ဗုဒ္ဓ၏ ဆိုဆုံးမထားသော တရားတော်များနှင့် ပေါင်း
စပ်ပြီး ပြုလုပ်ကြလေသည်ဟု ယူဆကြလေသည်။
ရှေးဟောင်းမွန်စာပေများတွင် ထိမ်းမြားခြင်း၊ ဘိတ်သိတ်မြှောက်ခြင်း စသော အခမ်း
အနားများတွင် ပုဏ္ဏား (၈) ယောက်တို့က ဂါထာများဖြင့် မန်းမှုထားသော ရေကို အပေါက်တစ်
ထောင်ရှိသော ရေစစ်ဖြင့်စစ်ယူပြီးမင်းသမီးမင်းသား၊သတို့သမီးသတို့သားတို့အပေါ်ပက်ဖျန်းခြင်း
အမူသည် ဟိန္ဓူ၏အလေ့အထအတိုင်း လုပ်ဆောင်ကြသည်ဟု ဆိုရပေမည်။
လက်ထပ်ထိမ်းမြားခြင်းအမူပြီးမြောက်အောင်မြင်ခြင်းကိုဖြစ်စေသော ပုဆိုးတန်းတင်ခြင်း၊
လက်စွပ်လဲခြင်း၊စုလျားရစ်ပတ်ခြင်းစသော လုပ်နည်းလုပ်ဟန်(၁၀) မျိုးကို မွန်စာပေ၊ မြန်မာစာပေ
များတွင် ရေးပေးဖော်ပြထားသဖြင့် ရှေးရှေးကလူများ အသိအမှတ်ပြုသတ်မှတ်ထားသောနည်း ဟု
ဆိုရပေမည်။ ဖော်ပြထားသော(၁၀)မျိုးအနက်တစ်မျိုးမျိုးဖြင့် လုပ်ဆောင်လျှင် ထိမ်းမြားခြင်း ပြီး
မြောက်သည်ဟုဆထားလေသည်။ ယခုခေတ်အသုံးများသော သတို့သားနှင့်သတို့သမီးတို့၏
လက်နှစ် ဖက်ကို ရေတွင်နှစ်ပြီး လက်ထပ်ခြင်းသည်လည်း ထို့ကဲ့သို့(၁၀) မျိုးအနက်မှ တစ်မျိုးပင်
ဖြစ်လေသည်။
အလွန်ရှေ့ကျသော မွန်တို့၏လက်ထပ်ခြင်း ဓလေ့ထုံးစံတချို့မှာ အမျိုးသားသတို့သား
က သတို့သမီးအိမ်သို့ သွား၍လက်ထပ်သောအခါ သတို့သားဘက်မှအုန်ပင်ပေါက် ၊ ကွမ်းသီးပင်
ပေါက်၊နနွင်းတက်(အစိမ်း)၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ အဝတ်စအသစ်(၁)စ စသည်တို့ကို
တောင်း(နတိုင်း) တွင်ထည့်၍ယူသွားရသည်။ ထိုတောင်းအပြင်လက်ဆောင်ပစ္စည်း(မဲာသုတ်)များ
ထည့်ထားသော ခြေလေချောင်းအုပ်မှာလည်း ယူဆောင်သွားရလေသည်။ ယခုအခါ ခြေလေး
ချောင်းအုပ်မှာ အလွန်ရှားပါးနေသဖြင့် အုပ်အစားလင်ဗန်တို့ဖြင့်ထည့်၍ ယူဆောင်ကြလေသည်။
ဤကဲ့သို့ သတို့သားကသတို့သမီး အိမ်သို့သွား၍လက်ထပ်ခြင်းကိုဝိဝါဟဟု ခေါ်ပြီး သတို့သမီး
က သတို့သားအိမ်သို့ သွား၍လက်ထပ်ခြင်း ကိုအာဝါဟလက်ထပ်ခြင်း ဟုခေါ်လေသည်။ မြတ်စွာ
ဘုရားလက်ထက်တော်ကာလက ဝိသာခါအမျိုးသမီး လက်ထပ်ရာတွင် သတို့သား၏ အိမ်သို့
သွား၍ လက်ထပ်ခြင်းကို လုပ်ဆောင်သည်ဟုသိရလေသည်။
အိမ်ယာဆောက်လုပ်ရာတွင်လည်း မွန်တို့တွင် အလွန်တိကျသော သတ်မှတ်ချက်များရှိ
လေသည်။ ထိုသတ်မှတ်ချက်များကို မွန်တို့ယခုတိုင်လက်ကိုင် ပြုထားသော လောကသိဒ္ဓိကျမ်း
တွင် အသေချာဖော်ပြထားလေသည်။ နန်းတော်ဆောက်လုပ်ရာတွင်လုပ်ဆောင်ရသည့်ဓလေ့ထုံး
တမ်း လုပ်နည်းလုပ်ဟန်များ အကြောင်းကို ပုဂံတွင် တွေ့ရှိရသော မွန်လက်ရာဖြင့်ရေးသားထား
သည့် ကျန်စစ်သား နန်းတော်ကျောက်စာတွင် ပရိတ်ရွတ်ခြင်း၊ ပရိတ်ရေဖြင့် သွန်းလောင်း ခြင်း
ပုဏ္ဏားတို့က ရွတ်ဖတ်သရဇ္ဈာယ်ခြင်းစသော လုပ်နည်းလုပ်ဟန်များသည် ဗုဒ္ဓ၏ အဆုံးအမ နှင့်
ဟိန္ဓူတို့၏ အယူအဆဖြင့် စုပေါင်းလုပ်ဆောင်သည်ဟု ဆို ရ ပေ မည်။ ကျန် စစ် သား
နန်းတော်တည်ဆောက်ရာတွင် ရှင်အရဟံနှင့် မွန်ပညာရှင်တို့၏ ညွန်ကြားချက်များအရ ဆောက်
လုပ်သည်ဟု သုတေသီတို့ က ဆိုလေသည်။
ဘဝတစ်ပါးသို့ ပြောင်းသွားသော သေဆုံးသူ၏ အလောင်းကို ပြုပြင်စီရင်ရာ၌ မွန်တို့
တွင် ဆောင်ရွက်ရန်ကိစ္စများစွာရှိသည်ကိုတွေ့ရသော်လည်းအချို့မှာမြတ်စွာဘုရားလက်ထက်မှစ၍
ဗုဒ္ဓဘာသာ အယူအဆတိုင်း သတိသံဝေဂရရန် စီမံဆောင်ရွက်ကြသည်ကိုတွေ့ရလေသည်။
သို့သော်လည်း အချို့ဆောင်ရွက်လုပ်ဆောင်သော အလေ့အထများသည် ဘုရားမပွင့်မီ အချိန်က
တည်းကဆောင်ရွက်ခဲ့သော လုပ်နည်းလုပ်ဟန်များ ဖြစ်ဟန်တူသောကြောင့် ဗုဒ္ဓတရားတော်နှင့်
မကိုက်ညီသော်လည်း ယခုထက်တိုင် အသုဘကိစ္စများတွင် ပြုလုပ်နေကြသည်ကိုတွေ့ရလေသည်
ဥပမာ -သေဆုံးသူအိမ်မှ သင်္ချိုင်းသို့ အသုဘပို့ရာတွင်မွန်တို့အတွက်မပါမပြီးသည့်လိပ်ပြာတောင်း
ပင်ဖြစ်လေသည်။လိပ်ပြာတောင်းဆိုရာ၌ တောင်းထဲတွင် မှန်၊ တူရွင်းငယ်တစ်ခု၊ သေသူ၏အဝတ်
အစား၊ ကွမ်းယာတစ်ယာ၊ နံ့သာရည်တစ်ခွက်နှင့် ကျောက်စီလက်စွပ်ထည့်ပြီး သားသမီးရှိက
အငယ်ဆုံးသားသမီးက အဝတ်ဖြူဝတ်ကာ တောင်းကို ပိုက်ကာ ရှေးဆုံးက သွားရလေသည်။
သားသမီးမရှိက နီးစပ်ရာသူများလည်း လိပ်ပြာတောင်းကို ပိုက်နိုင်သည်။ လိပ်ပြာ၏ အဓိပ္ပာယ်မှာ
သေဆုံးသူ၏ ဝိညာဉ်ကိုဆိုလိုခြင်း ဖြစ်လေသည်။ ဝိညာဉ်ကို ထိန်းသိမ်းပြီးသွားစေခြင်းမှာ ဗုဓ္ဒ
အယူအဆနှင့်များစွာမကိုက်ညီသည်ကို တွေ့ရလေသည် အချို့အယူအဆမှာ ဝိညာဉ်ကို သင်္ချိုင်း
ရောက်သော်လည်းသွားခွင့်မပြုသေးဘဲ (၇)ရက်လည်သည့်နေ့တွင် ရေစက်ချအမျှဝေပြီးမှ သွာစေ
သည့်အယူအဆပင်ဖြစ်လေသည်။
သေသူ၏အလောင်းအား သေပြီးသည်မှ သင်္ချိုင်းရောက်သည့်အထိ ပြုပြင်စီရင်ရာတွင်
သေသူ၏ပါးစပ်တွင် ကွမ်းဖတ်နှင့် ပိုက်ဆံထည့်ခြင်း၊ ခြေမ၊ လက်မများကိုကြိုးဖြူများဖြင့်
ချည်နှောင်ခြင်း၊ သင်္ချိုင်းရောက်သောအခါ သေသူအား ထမင်းစားရန်ခေါ်ခြင်း စသည့်အလေ့အထ
များမှာမြတ်စွာဘုရားလက်ထက်အချိန်ကာလတွင် ဗုဒ္ဒ္ဓတရားတော်နှင့် ပတ်သက်သောသတိသံဝေဂ
ရရန် ကာလထေရ်အမည်ရှိသော မထေရ်တစ်ပါးက ပသေနဒီကောသလမင်းအား သေသူ၏
အလောင်းကို မည်သို့မည်ပုံပြုပြင်စီရင်ရန်မိန့်ကြားထားသော လုပ်နည်းလုပ်ဟန်များပင် ဖြစ်လေ
သည်။ ဥပမာ သေသူ၏ ခြေလက်များကို ကြိုးနှင့်ချည်ပြီး သင်္ချိုင်းသို့ရောက်သောအခါမြေမမြှုပ်မီ
သို့မဟုတ် မီသင်္ဂြိုလ်ခြင်းမပြုမီ ကြိုးများကို ဓားလက်နက်ဖြင့် လှီးဖြတ်ရခြင်းမှာ ကာလထေရ်၏
အဓိပ္ပာယ်ဖွင့်ချက်အရကြိုးဖြင့် ခြေမလက်မများကို ချည်နှောင်ထားခြင်းအားဖြင့် သံသရာတွင်
ကျင်လည်ကြသော သတ္တာဝါတို့သည် လွတ်လပ်ခြင်းမရှိ။ ဒုက္ခဘုံတွင် ကျပ်ကျပ်တည်းတည်းဖြင့်
နေရဖြင်းကိုဆိုလိုပါသည်။ သချုင်္ိင်းရောက်ပြီး နောက်ကြိုးစကို ဓာလက်နက်ဖြင့် လှီးဖြတ်ခြင်း
မှာ သံသရာမှကျွတ်လွတ်ရန်အတွက် ဓာလက်နက်နှင့်တူသော ပညာဖြင့် လှီးဖြတ်ပါမှ နိဗ္ဗာန်သို့
ရောက်နိုင်ကြောင်းကို ပုထုဇဉ်များ သတိသံဝေဂ ရရန်ပြုလုပ်စေခြင်း ဖြစ်လေသည်။ ဤအလေ့
အထများနှင့် ပတ်သက်ပြီး ကာလထေရ်မည်သော ကျမ်းတွင် အသေးစိတ်ဖော်ပြထားသည်ကို တွေ့
နိုင်လေသည်။
မွန်တို့သည် လူသေအလောင်းကို မြေမြှုပ်ရာတွင် သို့မဟုတ် မီးသင်္ဂြိုလ်ရာတွင်
ဦခေါင်းကိုမြောက်အရပ်ဘက်သို့ ထားလေ့ရှိသည်။ ဤအလေ့အထသည် မွန်တို့ မြောက်ဘက်မှ
ဆင်းသက်လာသည်ကို အမြဲသတိရနေရန်ရည်ရွယ်ခြင်း ဖြစ်သည်ဟုဆိုသည်။ ဤအယူအဆမှာ
ဂေါတမမြတ်စွာဘုရား မပွင့်မီအချိန်ကတည်းက မွန်တို့လက်ခံထားသော အယူအဆဖြစ်ဟန်တူ
သည်။
ဤစာတမ်းအစပိုင်းတွင် ဖော်ပြချက်အရ အရှေ့အာရှတောင်ပိုင်းတွင် နေထိုင်ကြသော
လူမျိုးများသည်လည်းကောင်း၊ အထူးသဖြင့် မြန်မာပြည်တွင်း မှီတင်နေထိုင်ကြသောတိုင်းရင်းသား
လူမျိုးများသည်လည်းကောင်း မောင်ဂွတ်ဟူသော အမိဝမ်းတွင်းမှ ဆင်းသက်ပေါက်ပွားလာသော
ညီအစ်ကိုမောင်နှမများ ဖြစ်ကြသည်ကို သဘောပေါက်နာလည်ကြပြီးနောက် လူတစ်မျိုးနှင့်
တစ်မျိုးသင့်တင့်ညီညွတ်ပြီး အေးချမ်းသာယာစွာ နေထိုင်ကြရန် ကြိုးဖမ်းအားထုတ်အပ်ပေသည်။
တစ်ဆက်တည်း မွန်လူမျိုးတို့သည်လည်း တစ်ချိန်ကထီးနှင့်နန်းနှင့် နေလာပြီး ယဉ်ကျေးမှုဆိုင်ရာ
ဘက်တွင်အဆင့်မြင့်ကြိုးဖမ်းအာထုတ်ခဲ့ဖူးသည်ကို သတိရကြလျက် တိမ်ကောပပျေက်
လျက်ရှိသော စာပေယဉ်ကျေးမှုကို အခြေခံလျက် မိမိလူမျိုးနှင့်တကွ စာပေယဉ်ကျေးမှုတို့ကို
ခေတ်နှင့်လျော်ညီစွာ တိုးတက်ကြီးပွားလာအောင် ဆောင်ရွက်သင့်ကြောင်း ရေးသားတင်ပြအပ်
ပါသည်။
နိုင်ထွန်းသိန်း
ကျနော်က တောသား လေးတစ်ယောက်ပါ အသက်က ၂၀ ပါ စာဖတ်တာအရမ်းဝါသနာပါတော့ ကျနော် ဖတ်တဲ့စာပေတွေကို တစ်နေရာတည်မှာ ဖတ်နိုင်းအောင်း မျှဝေခြင်းသာဖြစ်သည်
Subscribe to:
Post Comments (Atom)
No comments:
Post a Comment