Wednesday, 3 April 2013

ရှောက်ရည်သောက်ခြင်း၏ အကျိုးကျေးဇူးများ

          ရှောက်ရည်မှာ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ပါဝင်ပြီး ကင်ဆာကို တွန်းလှန်နိုင်တဲ့ ဂုဏ်သတ္တိကြောင့် နှစ်ပေါင်းများစွာ ကတည်းကပင် အသုံးပြုခဲ့ကြပါတယ်။ ရှောက်ရည်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို အောက်မှာ ဖော်ပြ ပေးလိုက်ပါတယ်။


(၁)ခုခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း

(၂)အစာခြေရန် ကူညီနိုင်ခြင်း

(၃)အာရုံစူးစိုက်မှု ကောင်းမွန်နိုင်ခြင်း

(၄)အသည်းနှင့် ကျောက်ကပ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၅)အစာစားချင်စိတ်ကို ချိုးနှိမ်ပေးခြင်း

(၆)နှလုံးအလုပ်မလုပ်နိုင် မဖြစ်အောင် ကာကွယ်ပေးခြင်း

(၇)အနာကျက်မြန်စေခြင်း

(၈)ခန္ဓာကိုယ်မှ အဆိပ်အတောက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၉)ရောဂါပိုးကို တွန်းလှန်နိုင်ခြင်း

(၁၀)အအေးမိနှင့် ချောင်းဆိုးဝေဒနာ သက်သာစေခြင်း

(၁၁)ရင်ကျပ်ပန်းနာ သက်သာစေခြင်း

(၁၂)ပျို့ခြင်း၊ အန်ခြင်းနှင့် ကားမူးခြင်းကို ကာကွယ်ပေးခြင်း

(၁၃)အရိုးနှင့်သက်ဆိုင်သော ရောဂါများကို ကာကွယ်ပေးနိုင်ခြင်း

(၁၄)ဝက်ခြံ၊ မှည့်ခြောက်နှင့် အမည်းစက်များကို ဖယ်ရှားပေးနိုင်ခြင်း

(၁၅)ဆံပင်သန်မာစေခြင်း

ဒေါက်တာ ခင်မိုးမိုး

Health Articles

အမျိုးသမီးများ အားလုံးအတွက်

အမျိုးသမီးများ အားလုံးအတွက် (အမျိုးသားများ လည်းသိသင့်ပါတယ်)

မိမိတို့၏အတွင်းခံ ဘော်လီများကို မ၀တ်ခင်လျှော်ဖွတ်ကြပါရန်…. အခုအချိန်မှ စရ်ျအမျိုးသမီးများ ခင်ဗျား မိမိတို့၏အတွင်းခံအကျီ င်္များကိုယခုပင် ၀ယ်လာသော အသစ်ဖြစ်ပါစေ လျှော်ပီးမှသာ ၀တ်ဆင်သောအကျင့် ကိုမွေးမြူကြပါရန်…. အင်မတန်မှ အရေးကြီးပါကြောင်း တင်ပြပါရစေ….
ယဉ်ကျေးမှု သိပံပညာရှင် Susan McKinley ဆိုသူ တောင်အာဖရိကခရီးစဉ်မှ ပြန်လာစဉ် သူမ စတင်သတိထားမိတာကတော့ သူမရဲ့ ညာဖက်ရင်သားပေါ်တွင် အလွန်ကြီးမားသော အစင်းကြောင်းကြီးတခုပင်…ဘယ်သူမှမသိ သူမကိုယ်တိုင်ကလည်း ဒါဟာမကြာခင်ပြန် ပျောက်သွားမယ်လို့လဲ ယုံကြည်လိုက်မိသည့်အခါ….
ဒါပေမဲ့ နာလာတဲ့အခါမှာတော့ သူမဟာဆရာဝန် ပြဖို့ဆုံးဖြတ်ရတော့တာပေါ့။ ရောဂါ အခြေအနေကို သေချာမသိတဲ့အခါကတော့ လည်းဆရာဝန်က ပဋိဇီဝဆေးတွေနဲ့ လိမ်းဆေးတွေသာ ပေးလိုက်ပါတယ်။ အချိန်ကြာလာ တာနဲ့အမျှ နာတာဟာ မသက်သာတဲ့အပြင် ပိုယောင်ရမ်းကာ သွေးပင်ထွက်တဲ့အခြေအနေကို ရောက်ခဲ့ပါတယ်… သူမဟာအနာကိုပါတ်တီးစ အုံဖို့စဉ်းစားပီး အုံခဲ့ပါတယ်။ အနာပိုဆိုးလာတာနဲ့အမျှ သူမဟာ ကျွမ်းကျင်တဲ့ ဆရာဝန် တဦးနှင့်အမြန်တွေ့ပီး ပြသဖို့ လိုအပ်လာတော့တာပေါ့။ Dr. Lynch ဆိုသူက ရောဂါကို တိတိကျကျ ရှာဖွေမှု မလုပ်နိုင်တဲ့အတွက်ကြောင့် သူ့ရဲ့မိတ်ဆွေ ဆရာဝန် (အရေပြားအထူးကုကို) ပြခိုင်းရတော့တာပါပဲ။ ကံမကောင်းစွာနဲ့ပဲ ဆရာဝန်က ခွင့်ယူထားတာနဲ့ ကြုံကြိုက်ပြန်ပါရော။ ၂ ပါတ်လောက်စောင့်ပီးမှ ကံကောင်းစွာနဲ့ အထူးကု ဆရာဝန်နဲ့ တွေ့ခွင့်ရပါတော့တယ်။
အင်မတန်မှ အံ့အားသင့်စရာကောင်းလှတဲ့ အဖြစ်အပျက်တခု သူမပါတ်တီးကို ခွာလိုက်တဲ့အခါ တွေ့ရပါတော့တယ်။ ပိုးလောက်လန်း (Larvae) အဆင့်ရောက်နေတဲ့ အကောင်တွေဟာ ပွားပီးလှုပ်ရှားနေတာကို သူမရင်သားမှာတွေ့လိုက်ရလို့ပါပဲ။ တကယ်တော့သူမထင်ခဲ့တဲ့ အစင်းကြောင်းလိုအရာဟာ သူမထင်တာထက် အဲဒီအချိန်ကထည်းက အခေါင်းလိုဖြစ်နေခဲ့လို့ပါပဲ။ အဲဒီအခေါင်းထဲမှာ အကောင်တွေဟာ သူမရဲ့ အဆီ၊ ကြွက်သားနဲ့ နို့ပြွန်လေးတွေကိုပါစားသောက်ပီး အသက်ရှင်နေခဲ့ကြတာပါ
ကဲဘယ်သူမဆို အတွင်းခံတော့ ၀တ်ကြမှာပါ ဆိုလိုတာက အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ်ပေါ့။ အတွင်းခံဝတ်စုံတွေဟာ တကမ္ဘာလုံး ဘယ်နိုင်ငံကမဆို ထုတ်လုပ်နိင်ပါတယ်။ ဒါကြောင့် ကိုယ့်လက်ထဲကိုမရောက်ခင်မှာ တနေရာနဲ့တနေရာ သယ်ပို့ကြတဲ့အခါမှာ သေတ္တာထဲမှာဖြစ်ဖြစ်၊ လူများတွေရဲ့ လက်ထဲမှာဖြစ်ဖြစ် ဟိုလူကိုင်ဒီလူရွေးနဲ့ မိမိလက်ဝယ်မရာက်ခင် မှာ ဟိုရောက်သည်ရောက်နဲ့ ဖြစ်မှာသေချာပါတယ်။ ဒါကြောင့် …မ၀တ်ခင်မှာ အသစ်ပဲဟဲ့ ဆိုတယ်သဘောနဲ့ မလျှော်ပဲ မ၀တ်ကြပါနဲ့။ ကိုယ်ဝယ်လိုက်တဲ့ အရာတခုမှာ ဘာပိုးကောင်တွေကပ်ညိ ပါရှိလာမယ် ဆိုတာ သာမန်မျက်စေ့နဲ့မမြင်နိုင်တဲ့ အတွက် လျော်ဖွတ်ပြီးမှသာ အသစ်များကို ၀တ်ဆင်သင့်ပါကြောင်း……………
ဒါကကြာနေပါပြီ..မသိသေးသူများအတွက်ပြန်ပြီးတင်ပေးလိုက်တာပါ။
မယုံရင် ဒီမှာဗီဒီယိုနဲ့ ကြည့်ရှုနိုင်ပါသည် with the video
http://www.youtube.com/watch?v=BXkQnawX_xE