Friday, 25 October 2013
မွန်အက္ခရာသမိုင်း
အက္ခရာသမိုင်းကို လေ့လာရာ ဘာသာစကား၊ အက္ခရာနှင့် ဘာသာစာပေဟူသော
ဝေါဟာရသုံးမျိုးကို ခွဲခြားသိထားရန်လိုအပ်ပေသည်။ ဘာသာစကားဆိုရာ၌ လူမျိုးတစ်မျိုးဖြစ်ပေါ်
လာသောအခါ ထိုလူမျိုးအတွက် ပြောဆိုသုံးစွဲရန်အတွက် ပေါ်ပေါက်လာသော ဘာသာစကားကို
ဆိုလိုသည်။ ထိုမှတစ်ဆင့် ထိုလူမျိုးအတွက် ဘာသာစာပေသည်ထိုလူမျိုး၏ ကြိုးပမ်းမူအပေါ်မူ
တည်ပြီး ပေါ်ပေါက်လာခြင်းပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်တစ်ချို့လူမျိုးတို့ သည့်ဘာသာ
စကား ရှိပင်ရှိငြားသော်လည်း စာပေပေါ်ပေါက်လာရန် မကြိုးစားမရှာဖွေသောကြောင့် စာပေမရှိပဲ
ဘာသာစကားကိုသာသုံးစွဲပြီး နေထိုင်ကြသော လူမျိုးအဖြစ် တည်ရှိနေကြသည်။ ဥပမာပြရလျှင်
ကမ္ဘာပေါ်ရှိ အချို့လူမျိုးငယ်များသည် စာပေမရှိသေးသော လူမျိုးအနေနှင့် ယခုတိုင်တည်ရှိနေကြ
တည်ကိုတွေ့မြင်နိုင်ပါသည်။ ဆိုရှယ်လစ်နိုင်ငံများတွင်ယင်းလူမျိုးငယ်များအတွက်စာပေဖြစ်ထွန်း
အောင် ပျိုးထောင်ပေးသည်ကို တွေ့မြင်ရပါသည်။
ဘာသာစကားပြောဆိုရာမှ ဘာသာစာပေဖြစ်ပေါ်ရန်အတွက် အက္ခရာသည်အရေးကြီးလေ
သည်။ အက္ခရာဆိုသည်မှာ ထိုလူမျိုးက အသစ်တီထွင်ထားသော အက္ခရာသော်လည်းကောင်း၊
သို့မဟုတ် အခြားလူမျိုးတစ်မျိုး၏ အက္ခရာကို တိုက်ရိုက်သို့မဟုတ် ပြုပြင်ပြီး လက်ခံသုံးစွဲသော
အက္ခရာကိုဆိုလိုသည်။ ထိုလူမျိုးအတွက်အက္ခရာရရှိပြီးမှသာထိုလူမျိုးအတွက်စာပေသည်ပေါ်ပေါက်
ဖြစ်ထွန်းလာနိုင်မည် ဖြစ်ပေသည်။
သုတေသီတို့၏ အဆိုအရ ဘာသာစကားသာရှိပြီး ဘာသာစာပေမရှိသေးသောလူမျိုးကို
ယဉ်ကျေးမူအရ အဆင့်နိမ့်ပြီး မတိုးတက်သေးသော လူမျိုးငယ်ဟု ခေါ်ဝေါ်သမုတ်ကြပြီး ဘာသာ
စကားနှင့်တကွဘာသာစာပေကိုယခုထက်တိုင် အဆက်မပြတ် နှစ်ပေါင်းများစွာ ရေးသားလာသော
လူမျိုးအတွက် ယဉ်ကျေးပြီး တိုးတက်သော လူမျိုးဟု သတ်မှတ်ခေါ်ဆိုကြလေသည်။
မွန်လူမျိုးတို့သည် ကိုယ့်လူမျိုးအတွက် မွန်ဘာသာစာပေကို ရေးသားနိုင်ရန်အက္ခရာမရှိမီ
အခါကမွန်ဘာသာစကားနှင့်ပင်နေလာရသောလူမျိုးတစ်မျိုးဖြစ်ခဲ့လေသည်။ သို့သော်မွန်လူမျိုးတို့
သည်ဘာသာစကားနှင့်ပင် တင်းတိမ်၍မနေဘဲ စာပေဖြစ်ထွန်းအောင် ရှာဖွေကြိုးပမ်းခဲ့သည့် အ
လျောက် မွန်စာပေသည် ခရစ်သက္ကရာဇ်ငါးရာစုလောက်တွင် ပေါ်ထွန်းလာသည်ကို တွေ့မြင်နိုင်ပါ
သည်။ ပမဆုံးအချိန် မွန်တို့ရေးသားသော မွန်စာပေကို လေ့လာခြင်းအားဖြင့် မွန်တို့သည်
အိန္ဒိယပြည်တောင်ပိုင်းရှိ ပလ္လဝလူမျိုးတို့ လေး - ငါးရာစုလောက်တွင် ရေးသားသော ပလ္လဝ
အက္ခရာ (ဇယား - ၁) ကို ယူပြီး မွန်စာပေအဖြစ် စတင်ရေးသားသည်ကို တွေ့မြင်နိုင်ပါသည်။
ပလ္လဝအက္ခရာသည်လည်း ဘီစီသုံးရာစုလောက်တွင် အိန္ဒိယနိုင်ငံ၊ ပြည်နယ်တစ်ခု၌ မင်း
ပြုသော အာသောကမင်းကြီး လက်ထက်အသုံးပြုသော ဗြာဟ္မီအက္ခရာမှဆင့်ကဲဆင်းသက်လာသော
အက္ခရာပင် ဖြစ်ပါသည်။ အာသောကမင်းလက်ထက်တွင် သက္ကတဘာသာစကားကိုသာ သုံးစွဲရာမှ
ဗြာဟ္မီအက္ခရာကို ရပြီးနောက် ဗြာဟ္မီအက္ခရာဖြင့် သက္ကတစာပေကို စတင်းရေးသားးလာပါသည်။
သက္ကတစာပေသည် အိန္ဒိယနိုင်ငံတွင် ပမထဆုံးပေါ်ပေါက်လာသော စာပေပင်ဖြစ်၍ ဗြာဟ္မီအက္ခရာ
သည်လည်း အိန္ဒိယနိုင်ငံတွင် ပထမဆုံးအသုံးပြုသော အက္ခရာဖြစ်လေသည်။
အိန္ဒိယနိုင်ငံတွင် သက္ကတဘာသာစကားကို သုံးစွဲသောလူမျိုးအပြင် အခြားဘာသာစကား
ကို သုံးစွဲသောလူမျိုး အများအပြားနေထိုင်သော နိုင်ငံဖြစ်သည့်အလျှောက် ဗြာဟ္မီအက္ခရာဖြင့်
သက္ကတစာပေပေါ်ထွန်းလာပြီးနောက် အခြားလူမျိုးများသည်လည်း မိမိတို့ လူမျိုးအတွက်စာပေပေါ်
ထွန်းရန်အက္ခရာကို တီထွင်လာကြသည်ကို တွေ့ရပြန်လေသည်။ ဗြာဟ္မီအက္ခရာပေါ်လာပြီးနောက်
ကုသနလူမျိုး၊ ဂုတ္တလူမျိုး၊ ကဒမ္ပလူမျိုး၊ ပလ္လဝလူမျိုးစသော လူမျိုးတို့သည်လည်း အက္ခရာများကို
တီထွင်သုံးစွဲလာကြလေသည်။ အဆိုပါလူမျိုးတို့၏ အက္ခရာသည်လည်း ဗြာဟ္မီအက္ခရာကိုအခြေခံ
၍ ဆင့်ကဲဆင်းသက်လာသော အက္ခရာများပင် ဖြစ်လေသည်။ အဆိုပါလူမျိုးတို့၏ အက္ခရာသည်
ဗြာဟ္မီအက္ခရာမှ ဆင့်ကဲဆင်းသက်လာသည်ဟုဆိုသော်လည်း ထိုလူမျိုးတို့၏ အက္ခရာသည်
တစ်ချိန်နှင့်တစ်ချိန် မတူကြဘဲ တဖြည်းဖြည်း ပြောင်းလဲလာသည်ကိုလည်း တွေ့မြင်နိုင်လေသည်။
ဥပမာ ငါးရာစုသုံး ပလ္လဝ အက္ခရာသည် ခုနှစ်ရာစုသုံး ပလ္လဝ အက္ခရာနှင့်ခြားနားစွာ ပြောင်းလဲလာ
သည်ကို တွေ့ရပါသည်။ ထိုနည်းတူစွာ ကုသန၊ ဂုမ္ဘ၊ ဂဒမ္ပ၊ စသောအက္ခရာတို့သည်လည်း တစ်
ချိန်နှင့် တစ်ချိန်မတူဘဲ ပြောင်းလဲလာသည်ကို တွေ့မြင်နိုင်ပါသည်။
အထက်တွင် ဖော်ပြသည့်အတိုင်း မွန်တို့သည် (၄ -၅ ) ရာစုလောက်တွင်ရေးသားသော
ပလ္လဝအက္ခရာကိုယူပြီးမွန်စာပေကိုစတင်ရေးသားသဖြင့် မွန်တို့ငါးရာစု လောက်တွင်ရေးထိုးသော
မွန်ကျောက်စာကိုယိုးဒယားပြည်တောင်ပိုင်း၊ဖရပထုံဘုရားတွင်တွေ့ရှိရသည်။ ထို့ ထက် စောစွာ
ရေးထိုးသောကျောက်စာအထောက်အထား များကိုမတွေ့ရသေးသဖြင့် မွန်တို့သည်ခရစ်သက္ကရာဇ်
ငါးရာစုမှစ၍ မွန်စာပေကိုရေးသားလာသည်ဟုဆိုကြလေသည်။ လူမျိုးတစ်မျိုး၏ စာပေသမိုင်းကို
လေ့လာရာတွင်ထိုလူမျိုး၏ခေတ်အဆက်ဆက် စာပေအရေးအသားကိုလေ့လာရလေသည်။ ခေတ်
ဟောင်းတွင် ရေးသားထားသောစာပေများကို ကျောက်စာတွင်သာ တွေ့မြင့်နိုင်သဖြင့်ကျောက်စာ
သည် သမိုင်းလေ့လာသူတို့အတွက် တန်းဖိုးမဖြတ်နိုင်သော အထောက်ထားတစ်ခု ပင်ဖြစ်သည်။
ယိုးဒယားပြည်တောင်ပိုင်းဖရပထုံဘုရားတွင်တွေ့ရှိရသောခရစ်သက္ကရာဇ်ငါးရာစုလောက်
တွင် (၁) မွန်ဘာသာဖြင့်ကမ္မည်းထိုးခဲ့သော ဘုရားတွင် အလူဒါန ကောင်းမှုပြုသည့် အကြောင်း
ဖော်ပြထားသည်။ မွန်ကျောက်စာ အကျိုး အပဲ့ နှစ်တုံးနှင့် (၂) ယေဓမ္မာဂါထာရှိသော ပါဠိဘာသာ
ဖြင့် မွန်အက္ခရာနှင့် ကမ္မည်းထိုးသောအုတ်ခွက် နှစ်ချပ်တို့ဖြစ်လေသည်။
ဖရပထုံဘုရားတွင် ယေဓမ္မာဂါထာပါရှိသည့် အုတ်ခွက်နှစ်ချပ်ကိုတွေ့ သည့်နည်းတူ
ရန်ကုန်မြို့ ၊ ဗိုလ်တစ်ထောင်ဘုရားတွင်လည်း ဖရပထုံဘုရားတွင် တွေ့သော အုတ်ခွက်နည်းတူ
မွန်အက္ခရာဖြင့်ယေဓမ္မာဂါထာပါရှိသည့်အုတ်ခွက်တစ်ချပ် ကိုလည်းတွေရှိခဲ့လေသည်ကို။ထို့ကြောင့်
ရန်ကုန်မြို့သည်လည်း ဖရပထုံနည်းတူ ရှေးကြသောမွန်မြို့တစ်မြို့ဖြစ်ကြောင်း ထင်ရှားလေသည်။
ဇယား(၂) တွင်ဖော်ပြထားသောဗျည်းသည်ဖရပထုံဘုရားနှင့်ဗိုလ်တစ်ထောင်ဘုရားတို တွင်
တွေ့ရှိသောကျောက်စာနှင့် အုတ်ခွက်စာတွင် တွေ့ရှိရသော မွန်အက္ခရာဗျည်းများပင်ဖြစ်လေသည်
လူမျိုးတစ်မျိုး၏ အက္ခရာသည်အချိန်ကိုလိုက်၍ပြောင်းလဲသည်ဟုအထက်တွင်ဖော်ပြသကဲ
သို့မွန်အက္ခရာသည်လည်း ပြောင်းလဲသည်ကို တွေ့ရှိနိုင်လေသည်။ ဥပမာဖရပထုံ ခေတ်တွင်
ရေးထိုးသောမွန်အက္ခရာသည် ယိုးဒယားပြည် - လော့ဗူရီမြို့ဟောင်းတွင် တွေ့ရှိသည့် မွန်ဘာသာဖြစ်
ရေးထိုးသောရှစ်မြောက်ကျောက်စာတိုင်ရှိမွန်အက္ခရာနှင့်မတူဘဲပြောင်းလဲလာသည်ကို တွေ့မြင်နိုင်
လေသည်။ လော့ဗူရီမြို့ဟောင်းတွင်မွန်ဘာသာဖြင့် ရေးထိုးသော ကျောက်စာတိုင်သည် ခရစ်သက္က
ရာဇ်ရှစ်ရာစုလောက်တွင် ရေးထိုးသောကျောက်စာဖြစ်သည်ဟု သုတေသီတို့ ကယူဆကြလေသည်။
ထို့ကြောင့်ငါးရာစုတွင် ရေးထိုးသောမွန်အက္ခရာနှင့် ရှစ်ရာစုတွင်ရေးထိုးသော မွန်အက္ခရာပြောင်းလဲ
လာပုံကို ဇယား(၂)နှင့်(၃) ကို ကြည့်ခြင်းအားဖြင့် တွေ့မြင်နိုင်ပါသည်။
လော့ဗူမြို့ဟောင်းကျောက်စာတိုင်တွင်မွန်ဘာသာဖြင့်ရေးထိုးထားသည့်နည်းတူ လော
နိုင်ငံ၊ ဝင်ရှင်းမြို့၌ တွေ့ရှိရသောကျောက်စာ တစ်ချပ်လည်း မွန်ဘာသာဖြင့် ရေးထိုးပြီး အက္ခရာ
မှာလည်းလော့ဗူရီကျောက်စာရှိအက္ခရာနှင့် တူညီသည်ကိုတွေ့ရသဖြင့် လောနိုင်ငံနှင့် လော့ဗူရီဒေသ
သည် မွန်တို့နေထိုင်လာခဲ့သော ဒေသဖြစ်သည်ဟု မှန်းဆနိုင်ပါသည်။
ထို့နောက် ခရစ်သက္ကရာဇ် (၁၁) ရာစုတွင် သထုံပြည်၌ မင်းပြုသော မနုဟာ (မကုဋ)
မင်းလက်ထက်၊ သထုံ၌ မွန်ဘာသာဖြင့် ရေးထိုးသော ကျောက်စာများနှင့် ပုဂံပြည်၌မင်းပြုသော
အနော်ရထာနှင့် ကျန်စစ်သားမင်းတို့လက်ထက် မွန်ဘာသာဖြင့် ရေးထိုးသော ကျောက်စာများရှိ
မွန်အက္ခရာတို့သည် ဖရပထုံနှင့် လော့ဗူရီကျောက်စာများရှိ အက္ခရာတို့နှင့်မတူ တစ်ဖန်ပြောင်းလဲ
လာပြန်သည်ကိုတွေ့မြင်နိုင်လေသည်။ ဇယား(၄) ပုဂံကျန်စစ်သားမင်း လက်ထက်တွင်မွန်စာပေကို
ကျောက်တုံးကြီးများပေါ်တွင်ကမ္မည်းရေးထိုးခဲ့သည့်အပြင်အုတ်ခွက် ၊စဥ့်ချပ် ၊စဥ့်များတွင်လည်း
ရေးထိုးခဲ့ပါသည်။ ၎င်းအပြင် ဂူဘုရားများအတွင်းရှိ နံရံများ၌ ပန်းချီဆေးရေးအောက်တွင်လည်း
မင်စာအဖြစ် မွန်စာများကို ရေးထိုးထားသည်ကိုလည်း တွေ့မြင်နိုင်လေသည်။
ထို့ကြောင့် မွန်အက္ခရာသည် ဖရပထုံတွင်တစ်မျိုး၊ လော့ဗူရီတွင် တစ်မျိုးနှင့် သထုံ၊
ပဂုံခေတ်တွင်လည်း တစ်မျိုးစသည့်ဖြင့် ပြောင်းလဲလာသည်ကို တွေ့ရလေသည်။
ထို့ကဲ့သို့ မွန်စာပေကို ဖရပထုံခေတ်တွင် ခရစ်သက္ကရာဇ်ငါးရာစုမှစ၍ ရေးသားလာရာမှ
ပုဂံခေတ် ခရစ်သက္ကရာဇ် (၁၁) ရာစု၊ ကျန်စစ်သားမင်း နတ်ရွာမစံမီအထိ မွန်ဘာသာစာကိုသာ
ရေးသားကမ္မည်းထိုးသည်ကို တွေ့ရပြီး၊ မြန်မာဘာသာစာဖြင့် ရေးထိုးသောမြန်မာစာအရေးအသား
ကိုမတွေ့ရသေးသည်ကို တွေ့မြင်ရလေသည်။ ကျန်စစ်သားမင်း နတ်ရွာစံခါနီးသားတော်ရာဇကုမာ
မင်းသားက ဖခင်အတွက် ရွှေဘုရားကိုလှူပြီး ဂူဘုရားတွင် ဌာပနာသည့်အကြောင်း ပါဝင်သည့်မြ
စေတီ(ရာဇကုမာ) မည်သော ကျောက်စာတွင်သာ မြန်မာဘာသာဖြင့် ရေးထိုးသောမြန်မာစာအရေး
အသားကို ပထမဦးဆုံး တွေ့ရလေသည်။ ရာဇကုမာကျောက်စာတွင် မွန်၊ မြန်မာ၊ ပါဠိ၊ ပျူ
ဘာသာလေးမျိုးဖြင့် ရေးထိုးထားသော ကျောက်စာဖြစ်သော်လည်း အသုံးပြုသော အက္ခရာမှာ
မွန်အက္ခရာနှင့်ပျူအက္ခရာနှစ်မျိုးသာဖြစ်လေသည်။ မွန် - မြန်မာနှင့် ပါဠိဘာသာတို့ကို မွန်အက္ခရာ
ဖြင့် ရေးထိုးပြီး ပျူဘာသာကို ပျူအက္ခရာဖြင့် ရေးထိုးထားလေသည်။ ထို့ကြောင့် မြန်မာဘာသာ
စာပေဖြစ်ပေါ်လာရန်ပုဂံခေတ်တွင်ရေးထိုးနေသော မွန်အက္ခရာကို အသုံးပြုပြီးမြန်မာဘာသာစာပေ
ကို စတင်ရေးသားကြောင်း တွေ့မြင်နိုင်လေသည်။
ရှင်စောပုနှင့်ဓမ္မစေတီမင်းလက်ထက် ရေးထိုးသောခေတ်လည် မွန်အက္ခရာနှင့်ယခုခေတ်
မွန်အက္ခရာတို့သည်လည်းပြောင်းလဲလာသည်ကို တွေ့ရသော်လည်း ယခုဆောင်းပါရှည်သွားမည်
စိုးသဖြင့် နောင်အလျည်းသင့်မှ တင်ပြပါတော့မည်။
မွန်ဘာသာစာကို ရေးရာတွင် ဖရပထုံခေတ်မှ ယခုခေတ်တိုင်သုံးစွဲသော “ၐ” ဗျည်း
အက္ခရာ သည် အမှန်အားဖြင့် ပလ္လဝအက္ခရာမှ ယူခြင်းမဟုတ်ဘဲ ဗြဟ္မီအက္ခရာ “ ထ “ မှ
ရယူသော အက္ခရာဖြစ်သည်ကိုတွေ့ရလေသည်။ဇယား(၄) တွင်တွေ့မြင်ရသော“ ဂ့” နှင့်“ၐ” ဗျည်း
နှစ်လုံးသည် သ- အသံထွက်နီးနီးရှိပြီး ဖရပထုံနှင့် လော့ဗူရီမွန်ကျောက်စာများတွင်မတွေ့ရသော်
လည်း ပုဂံခေတ်မွန်ကျောက်စာများတွင် အကြိမ်ပေါင်းများစွာ သုံးစွဲရေးသား ထားသည်ကိုတွေ့ရ
လေသည်။ ထို့ကြောင့် ပုဂံခေတ်တွင် ရေးထိုးသောမွန်ဗျည်းအရ အတွက်မှာ(၃၅)လုံး မကဘဲ
(၃၇) လုံးထိရှိသည်ဟု မှန်းဆရလေသည်။
အုတ်ခွက်စာဆိုသည်မှာ ရွှံစေးကိုအပြားလုပ်ပြီး အခြောက်လှန်း၊၎င်းမှတစ်ဆင့် မီးဖုတ်ပြီး
အရောင်နီလာလျှင် မီးဖုတ်မြေပြား ဟု ဆိုနိုင်သည်။ ဤကဲ့သို့ ရွှံစေးပြားတစ်ဖက်တွင် ရုပ်များ
ထုလုပ်ပြီးအနည်းငယ်ချိုင့်နေသည်ကတစ်ကြောင်း၊ မထုထွင်းရသော ကျောဘက်တွင် အနည်းငယ်
ခုံးနေသည့်အတွက်ကြောင့် အုတ်ခွက်ဟုခေါ်ကြသည်။ အင်္ဂလိပ်ဘာသာဖြင့် (Votive Tablet)
ဟုခေါ်ဝေါ်သမုတ်ကြပြန်သည်။
ရှေးဗုဒ္ဓဘာသာကိုးကွယ်သည့် ပုဂ္ဂိုလ်တို့သည် စေတီဘုရားကြီးများကိုတည်ထားကိုးကွယ်
သည့် အပြင်အထက်ဖော်ပြပါနည်းအတိုင်း ရွှံစေးပြားခြောက်များတွင် ဘုရားရုပ်ပုံနှင့်တကွ ဗုဒ္ဓ
ဘာသာနှင့်သက်ဆိုင်သော အရုပ်များ ထုထွင်းပြီး မီးဖုတ်ပြီးလျှင် ကိုးကွယ်ပူဇော်လာသည်ကိုတွေ့
မြင်ခဲ့ရပါသည်။ ရုပ်အမျိုးမျိုးထုလုပ်သည့် အုတ်ခွက်အတိုင်းအတာပမာဏမှာ အချို့က တြိဂံပုံ၊
အချို့စတုရန်းပုံ၊ ပြုလုပ်ထားပြီး အနံလေးလက်မ၊ ငါးလက်မ၊ အရှည်ခြောက်လက်မ၊ ခုနှစ်လက်မ
ဖြစ်ကြသည်။ တြိဂံပုံတွင်အချို့ညောင်ရွက်ပုံချွန်းထားသည်။ အကယ်၍တြိဂံပုံကဲ့သို့ပုံဆောင်နေလျှင်
အောက်တစ်ဖက်တွင်တိုပြီး ကျန်နှစ်ဖက်တွင် အလျားတူအပေါ်ဘက်ချွန်းတက်လာပြီးအောက်ဘက်
ပိုင်းထက် အလျားရှည်သည်။
အုတ်ခွက်များကို မဖုတ်ခင်တစ်ဖက်တွင် များသောအားဖြင့် ဘုရားရုပ်နှင့် ဘုရားနှင့်သက်
ဆိုင်သောဗုဒ္ဓဝင်ရုပ်များကိုထုထွင်းထားကြသည်။ ကျန်တစ်ဖက်တွင်အချို့ကမ္မည်းစာရေးထိုးထား
သည်လည်းရှိသည်။ အချို့ဘာမျှရေးသားထားခြင်းမရှိ၊ဗလာအတိဖြစ်နေသည်။ အကယ်၍အုတ်ခွက်
ပေါ်တွင်ကမ္မည်းစာရေးထိုးထားခြင်းရှိလျှင်၎င်းစာကိုအုတ်ခွက်စာဟုခေါ်ပါသည်။ အချို့အုတ်ခွက်စာ
ကိုကျောဘက်တွင် ရေးထိုးခြင်းမရှိ၊ ရုပ်ထုအောက်ပိုင်းအားလပ်သည့်နေရာတွင် ရေးထိုးထားသည်။
ဥမပ - ပလ္လပေါ်တွင် ဘုရားရှင်တင်ပျဉ်ခွေထိုင်နေလျှင် ၎င်းပလ္လအောက်၌ ကမ္မည်းစာရေးထိုး
ထားသည်ကို တွေ့မြင်နိုင်သည်။
ပုဂံမြို့ရှိကျောက်ချပ်များတွင်ရေးထိုးထားသောမွန်ကျောက်စာများ၊ ပန်းချီရုပ်များအောက်ရှိ
ရေးသားထားသော မွန်မှင်စာများ၊ ရုပ်ထုများဖြင့် ပြုလုပ်ထားသော စဉ်ချပ်အောင်ရှိ ရေးထိုးထား
သောမွန်စာများကို စာဖတ်ပရိသတ်တို့ ကြားဖူးကြလိမ့်မည်ဟု ကျွန်တော်ယုံကြည်ပါသည်။ သို့
သော် အထက်ဖော်ပြပါ အုတ်ခွက်ပေါ်တွင် ရေးသားထားသော မွန်စာများနှင့် ပတ်သက်၍ သိသူ
အလွန်နည်းမည်ဟု ယုံကြည်သဖြင့် ဤစာတမ်းတွင်ရှင်းလင်းပြလိုပါသည်။
အုတ်ခွက်၌ ရေးသားထားသောစာလည်း ကျောက်စာနည်းတူ ရှေးဟောင်းသမိုင်းဝင်
သက်သေသာဓက အထောက်အထားဖြစ်ပြီး သုတေသနဆရာများအတွက်အဖိုးဂ္ဃအလွန်ကြီးမား
လှပါသည်။ အချို့သောအုတ်ခွက်များသည် စာရေးသားထားခြင်း မရှိသော်လည်း ထုထွင်းပြုလုပ်
ထားသောရုပ်များ၊ ဥပမာ- ဘုရားရုပ်များမည်ကဲ့သို့ပြုလုပ်ထာသည်ကိုမည်သည့်ခေတ်ဖြစ်ကြောင်း
ကို ခွဲခြားသိနိုင်ပါသည်။
မီးဖုတ်အုတ်ခွက်များကို တွေ့မြင်ပြီးမည်သည့်အချိန်၊ မည်သည့်ခေတ် မည်သည့်ပုဂ္ဂိုလ်
ပြုလုပ်ထားသည်ကို မှန်းဆနိုင်သည်။ မည်သည့်နေရာမှ အုတ်ခွက်ကို ရသည်ကိုသိလျှင် ၎င်းနေရာ
တွင်မည်သည့်လူမျိုး၊မည်သည့်ဘုရင်စိုးစံလာခဲ့သည်ကိုတွက်ချက်မှန်းဆသိနိုင်လေသည်။ အကယ်၍
ကမ္မည်းစာပါရေးထိုးထားလျှင် ဘယ်ခေတ်၊ ဘယ်အချိန်၊ မည်သူအုပ်ချုပ်မင်းလုပ်နေထိုင်လာသည်
ကို သေချာဂဏသိရှိနိုင်ပါသည်။
ကျွန်တော်တို့ပြည်ထောင်စုမြန်မာနိုင်ငံတွင် ရှေးယခင်က ဘုရားရုပ်ပါသောအုတ်ခွက်ကို
ပူဇော်လာသည်မှာပျူလူမျိုးတစ်မျိုးလည်းပါဝင်သည်။ ပျူလူမျိုးတို့သည်ပြည်မြို့ဘက် (သရေခေတ္တ
ရာ) ဒေသတွင် တစ်နေရာ၊ မြန်မာပြည်မြောက်ဘက် (ဟန်လင်း) ဒေသတွင်တစ်နေရာ၊ပေါင်းနှစ်
နေရာတွင်မြို့ပြတည်ထောင်ကာမင်းလုပ်အုပ်ချုပ်သည်ဟုသုတေသနဆရာတို့ ကဆိုလေသည်။
ပျူလူမျိုးတို့ မကွယ်ပျောက်မီ မြို့ပြတည်ထောင်ပြီး မင်းလုပ်အုပ်ချုပ်လာသည်မှာ သာ
သနာသက္ကရာဇ် (၇၀၀ မှ ၁၄၀၀) (အေဒီ၊ ၂၀၀ မှ ၉၀၀) ထိဖြစ်သည်။ ပြည်မြို့ဘက်
(သရေခေတ္တရာ)ဒေသတွင် သုတေသီတို့တူးဖော်ရာတွင် ရွှေ၊ ငွေ၊ ကြေး ဖြင့်ပြုလုပ်ထားသော
ရှေးဟောင်းရုပ်ပွားတော်များ၊ကမ္မည်းရေးထိုးထားသော ရွှေပုရပိုဒ်ပေါ်များအပြင် အုတ်ခွက်ဖြင့်ပြုလုပ်
ထားသော ရုပ်ပွားတော်များကိုလည်းတွေ့ရှိလေသည်။ရွှေပုရပိုဒ်ပေါ်တွင်ပျူအက္ခရာဖြင့် ပါဋိဘာသာ
ယေဓမ္မာဂါထာ ကို ရေးသားထားသည်ကိုတွေ့ရပြီး အုတ်ခွက်များတွင် ပျူအက္ခရာဖြင့်ပျူဘာသာ
စာများကိုရေးသားထားသည်ကိုလည်းတွေ့ရလေသည်။
ရေးသားထားသော စာကိုသော်လည်းကောင်း၊ ထုထွင်းပြုလုပ်ထားသော ရုပ်ပွားတော်များ
ကိုသော်လည်းကောင်း သုတေသနဆရာတို့က လေ့လာပြီး နောက်ပျူလူမျိုးတို့သည် သာသနာ
သက္ကရာဇ် (၁၁၀၀) (အေဒီ ၆၀၀) လောက်မှစ၍ ပျူစာကို စတင်ရေးသားသည်ဟု ယူဆခဲ့ကြပါ
သည်။ ပျူလူမျိုးတို့သည် မွန်လူမျိုးတို့နည်းတူ ၎င်းတို့၏ စာကိုရေးသားလာသည်မှာ လွန်ခဲ့သည့်
နှစ်ပေါင်း (၁၅၀၀) လောက်ကဖြစ်ပါသည်။
လူမျိုးတစ်မျိုးသည် ဘာသာစာပေကို ရေးသားနိုင်ရန် ပထမအက္ခရာစာလုံးကို ရှာရပါ
သည်။ ဥပမာ -- ပျူလူမျိုး၊ ပျူစာကို မရေးမီဝေါဟာရစကားလောသာရှိပြီး အက္ခရာရပြီးမှ စာကို
ရေးလာနိုင်သည်။ တူးဖော်ရရှိထားသောပစ္စည်းဟောင်းများကို ကြည့်လျှင် ပြည် (သရေခေတ္တရာ)
ပျူတို့အက္ခရာရပြီး ပျူဘာသာစာနှင့် ပါဠိဘာသာစာများကို ရေးသားထားသည်ကို တွေ့မြင်ရပါ
သည်။ သုတေသနဆရာတို့အဆိုအရ ပျူအက္ခရာသည် အိန္ဒိယတောင်ပိုင်း ကဒမ္ဗအက္ခရာမှ ဆင်း
သက်လာကြောင်း အဆိုရှိခဲ့သည်။
အုတ်ခွက်များသည် များသောအားဖြင့် ဘုရားရုပ်ထုထွင်းပြုလုပ်ထားပြီး အကယ်၍စာရေး
သားထားခြင်းရှိလျှင်အုတ်ခွက်ပြုလုပ်သူအလှူရှင်၏ အမည်ကိုသာရေးသားထားသည်။ ရှေးဟောင်း
မြေမီးဖုတ်အုတ်ခွက်တွင် မြတ်စွာဘုရားရုပ်ပုံနှင့်ရေးသားထားသောစာများသည် ဗုဒ္ဓဘာသာနှင့်
သက်ဆိုင်သောစာများ ဖြစ်သဖြင့် ပျူလူမျိုးသည် မွန်လူမျိုးနည်းတူးဗုဒ္ဓဘာသာကိုကိုးကွယ်ကြသည်
ကို သိရပါသည်။ ပျူမျိုးများကဲ့သို့ မွန်လူမျိုးများလည်း အုတ်ခွက်ပြုလုပ်ပြီး ပူဇော်လာသည်ကို
တွေ့မြင်နိုင်ပါသည်။
မွန်လူမျိုးတို့သည် သုဝဏ္ဏဘူမိ သထုံဒေသတွင် ထင်ရှားကျော်ကြားစဉ်ကာလမှစပြီး
အုတ်ခွက်ကိုစတင်ပြုလုပ်လာသည်ဟု ဆိုနိုင်ပါသည်။ သို့သော် အုတ်ခွက်တွင် မွန်စာကိုစတင်ရေး
သားလာသည်မှာ မွန်အက္ခရာရပြီးမှ ရေးသားခြင်းဖြစ်သည်ဟု မှန်းဆနိုင်ပါသည်။ အဘယ်ကြောင့်
ဆိုသော် မွန်လူမျိုးတို့သည် သာသနာသက္ကရာဇ် (၉၀၀ ) (အေဒီ - ၄၀၀) လောက်မှ ပလ္လဝလူမျိုး
ထံမှ အက္ခရာရပြီး စာအစပျိုး ရေးသားလာသည်ကို တွေ့မြင်ရလေသည်။
မွန်လူမျိုးသည် မဇ္ဈိမဒေသအိန္ဒိယနိုင်ငံတွင် ဘုရားပွင့်တော်မူပြီး မကြာမီတွင် မြတ်စွာဘုရား
ကို ဖူးမြှော်ခဲ့ရပြီး ဗုဒ္ဓဘာသာကိုဆည်းကပ်ကိုးကွယ်လာသည့် လူမျိုးတစ်မျိုးဖြစ်ပါသည်။ နောက်တစ်
ဖန်မြတ်စွာဘုရားရှစ်ဝါမြောက်တွင် သုဝဏ္ဏဘူမိ သထုံဒေသသို့ ဒေသစာရီကြွချီလာပြီး မွန်လူမျိုးများ
အား ပထမဗွေဆော်ဦးတရားအမြိုက်ရေအေးတိုက်ကျွေးခဲ့သောကြောင့် မွန်မြန်မာနိုင်ငံတွင်သာသနာ
အစ မွန်တို့ဒေသသုဝဏ္ဏဘူမိကဟူ၍ ဆိုစမှတ်ပြုလာကြသည်။
မွန်လူမျိုးတို့သည် အက္ခရာစာလုံးမရမီ ဘုရားကိုလည်းဖူးရသည်။ တရားကိုလည်း နာရ
သည်။ မြေမီးဖုတ်အုတ်ခွက်တို့ကို ပြုလုပ်ပြီး ပူဇော်လာသည်ဟူ၍လည်း ဆိုနိုင်ပေသည်။ အက္ခရာ
စာလုံးရပြီးကာလ အုတ်ခွက်တွင် ဘုရားရုပ်ထုပြုလုပ်သည့်အပြင် နောက်ကျောဘက်တွင်လည်း မွန်
ကမ္မည်းစာများ ရေးထိုးထားသည်ကို တွေ့ရပြန်လေသည်။
မွန်တို့ အုတ်ခွက်ပြုလုပ်ပြီးပူဇော်လာသော်လည်းသုဝဏ္ဏဘူမိသထုံဒေသဘက်တွင်အုတ်ခွက်
ပေါ်ထွက်လာသည်မှာ အလွန်နည်းသည်ကို သိရပြန်သည်။ အကယ်၍ (သရေခေတ္တရာ) ဘက်နှင့်
နှိုင်းယှဉ်ကြည့်လျှင် သုဝဏ္ဏဘူမိသထုံဘက်မှ ပေါ်ထွက်လာသည့် အရေအတွက်မှာ အလွန်နည်းပါ
သည်။ သို့သော် ကျောက် ပြား ပေါ် တွင် ရေး သား ထာသည့်ကျောက်စာအရေးအတွက်ကား
(သရေခေတ္တရာ) ထက်များပြားသည်ကို သိရလေသည်။ သုဝဏ္ဏဘူမိသထုံဘက်တွင် ပေါ်ထွက်လာ
သော အုတ်ခွက်များ နည်းရသည်မှာ ရာသီဥတု၏ ဘေးဒဏ်ကြောင့် ပျက်စီးသွားသည်ဟုလည်း
ဆိုနိုင်ပါသည်။
သုတေသနဆရာတို့၏ တွေ့ရှိချက်အရ သုဝဏ္ဏဘူမိသထုံဒေသတွင် သထုံဝတ်ဘုရားစေတီ
တွင် အုတ်ခွက်တစ်ခုနှင့် ဘာအံမြို့အနီး ဘင်ဂျီဂူတွင် အုတ်ခွက်တစ်ခု ပေါင်းနှစ်ခုပေါ်ထွက်လာ
၁။ သထုံဝတ်ဘုရားစေတီမှ ပေါ်ထွက်လာသည့်အုတ်ခွက်မှာ တစ်ဖက်တွင်ဘုရား
တင်ပျဉ်ခွေရုပ်ထုလုပ်ထားပြီးပလ္လင်အောက်တွင်ရှေးဟောင်းမွန်စာကြောင်းရေးထိုး
ထားသည်မှာ….
(က) က်က္ကလန္ဖ႘မက
(ခ) နံ္တဗောယ်မိဒသ်ကျက်
ရှေးဟောင်းမွန်စာကို ယခုခေတ်မွန်စာနှင့် အဓိပ္ပယ်ပြန်လျှင် “ပူဂုႝမဳှံယၜဳကလန္ပ႘
ကေၜာန် စွံလဝ်ကျာ်ဂွံဂှ် ဟိုက်နုမိက်ဂွံဒှ်ကျာ်ရ ကန္တံ အဓိပ္ပယ်မှာ ပြုလုပ်သည်ဖြစ်
သည်။ မြန်မာဘာသာအဓိပ္ပယ်မှာ ကလွန်ပီအမည်ရှိသော ပုဂ္ဂိုယ်သည် ဘုရားရုပ်ထု
ပြုလုပ်ရသောကုသိုလ်ကောင်းမူ့ကြောင့်ဘုရားဖြစ်ရပါလို၏”ဟုဘုရားဆုပန်ခြင်းဖြစ်
သည်။့  ဘင်ဂျီဂူမှပေါ်ထွက်လာသောအုတ်ခွက်သည် တစ်ဖက်ရှိဘုရားတင်ပျဉ်ခွေရုပ်မှ သထုံ
မြို့မှ ရရှိသော အုတ်ခွက်ဘုရားနည်းတူ ဖြစ်ပါသည်။
အုတ်ခွက်ကျောဘက်တွင် ရေးသားထားခြင်းလုံးဝမရှိပါ။ သို့သော်လည်းဘုရားရုပ်ထုဘက်ရှိ
ပလ္လင်အောက်တွင် ရှေးဟောင်းစာနှစ်ကြောင်းရေးသားထားသည်ကို သုတေသနဆရာတို့က တွေ့
မြင်ခဲ့ရသည်။ ရေးသားထားသောစာမှာ အုတ်ခွက်ဆွေးမြေ့သည့်အတွက် သိပ်မထင်ရှားတောပါ။
သို့သော်သုတေသနဆရာတို့အဆိုအရ နာဂရီအက္ခရာနှင့် ပါဠိဘာသာဖြင့် “ ယေဓမ္မာဂါထာ “ ကို
ရေးသားထားကြောင်း သိရလေသည်။
နာဂရီအက္ခရာဆိုသည်မှာ ဗြာဟ္မီအက္ခရာမှ ဆင်းသက်လာသည်။ ဗြာဟ္မီအက္ခရာ သည်
အိန္ဒိယနိုင်ငံသို့ ရှေးဦးအစရောက်လာသော အက္ခရာဖြစ်ပြီး ၎င်းမှတစ်ဆင့် လူမျိုးအသီးသီး ဂုပ္တ-
ကဒမ္ပ - ပလ္လဝ စသည်တို့က ၎င်းတို့အလိုကျ ပြုပြင်ကြပြီး မိမိတို့ဘာသာစာကိုရေးသားလာခဲ့ကြ
ပါသည်။ အထက်ဖော်ပြပါအတိုင်း ပျူလူမျိုးသည် ကဒမ္ပအက္ခရာကိုယူပြီး မွန်တို့သည် ပလ္လဝလူမျိုး
အက္ခရာကို ရယူခဲ့ပါသည်။ မွန်အက္ခရာ၊ ပျူအက္ခရာနည်းတူ နာဂရီအက္ခရာလည်း ဗြာဟ္မီအက္ခရာမှ
ပေါက်ပွားလာသော အက္ခရာဖြစ်သည်။
ဗြာဟ္မီအက္ခရာကို ရှင်းရမည်ဆိုလျှင် ဗြာဟ္မီအက္ခရာသည် အိန္ဒိယနိုင်ငံတွင်းသို့ ရှေးဦးမဆွ
ပထမဝင်ရောက်လာပြီး ဗြာဟ္မီအက္ခရာဖြင့် စာရေးသားသည့် ဘုရင်သည် သီရိဓမ္မာသောက
ဘုရင်ပင်ဖြစ်သည်။ သို့သော် ၎င်းရေးသားသောဘာသာမှာ သက္ကတ ဘာသာဖြစ်သည်။ ထို့
ကြောင့် သီရိဓမ္မာသောကမင်း သာသနာသက္ကရာဇ် ( ၂၀၀ - ၃၀၀ ) တွင် သက္ကတ ဘာသာကို
ဗြာဟ္မီအက္ခရာဖြင့် ပထမဦးဆုံးရေးသားခဲ့သည်ကို သိရပါသည်။ ဗြာဟ္မီအက္ခရာပေါ်ပေါက်လာပြီးမှ
အိန္ဒိယနိုင်ငံတွင်းရှိ လူမျိုးအသီးသီးတို့က ဗြာဟ္မီအက္ခရာကိုယူပြီး ပြန်လည်မွမ်းမံပြင်ဆင်ကာ ၎င်း
တို့ ၏ ဘာသာသို့ အသွင်းကူးပြောင်း ရေးသားလာကြကုန်၏။
သုဝဏ္ဏဘူမိသထုံဒေသမှ အုတ်ခွက်များ ပေါ်ထွက်လာသည်မှာ နည်းသော်လည်း ပြည်မြို့
(သရေခေတ္တရာ) ဒေသတွင် ပေါ်ထွက်လာသကဲ့သို့ မြန်မာနိုင်ငံမြောက်ပိုင်း ၊ ပုဂံမြို့ဝန်းကျင်တွင်
လည်း အုတ်ခွက်များကို မြောက်မြားစွာတွေ့ရှိခဲ့ပါသည်။
ပုဂံဝန်းကျင်မှ ပေါ်ထွက်လာသော အုတ်ခွက်များသည် အနော်ရထာမင်းလက်ထက်တွင်
ပြုလုပ်ထားသည်ကိုသိရပြန်သည်။ အနော်ရထာမင်းသည် ဗုဒ္ဓတရားတော်ကို သက်ဝင်ယုံကြည်ပြီး
သည့်နောက်ဗုဒ္ဓဘာသာကိုးကွယ်သောသူများအတွက် ပူဇော်ရန်အလို့ငှာအုတ်ခွက်တွင်ဘုရားရုပ်ထု
ထုထွင်းပြုလုပ်လာခဲ့သည်ကို တွေ့မြင်ရပါသည်။ ကျန်စစ်သားမင်းကဲ့သို့ ကျောက်စာ၊မင်စာရေးထိုး
ထားခြင်းကို မတွေ့ရပေ။ အနော်ရထာမင်းသည် ရွှေစည်းခုံစေတီတော်ကို ပထမဆုံး တည်ထောင်ခဲ့
သော်လည်း ရွှေစည်းခုံဘုရားသမိုင်းကျောက်စာကို မရေးထိုးနိုင်သည်ကိုလည်း တွေ့ရလေသည်။
အနော်ရထာမင်းလက်ထက်တွင် ကျန်စစ်သားမင်းလက်ထက်ကဲ့သို့ ကျောက်ပြားပေါ်တွင်
ရေးသားထားသည်ကိုမတွေ့ရပါ။ ကျန်စစ်သားမင်းလက်ထက်တွင် ရေးသားထားသောစာများသည်
မွန်အက္ခရာဖြင့် မွန်ဘာသာကိုသာ ရေးသားသုံးစွဲထားသည်ကို ပုဂံညောင်ဦးဒေသရှိ ကျောက်စာ
ဟောင်းများက သက်သေသာဓက ထူပြနေသည်ကို တွေ့ရလေသည်။
မြန်မာဘာသာစာသည် ကျန်စစ်သားမင်းနတ်ရွာမစံမီအချိန်မှစ၍ မွန်အက္ခရာကိုယူပြီး
မြန်မာဘာသာစာကို ရေးသားလာသည်ကိုသိရလေသည်။း
အနော်ရထာမင်းလက်ထက်အုတ်ခွက်တွင် ရေးသားထားသော စာသည် မွန်အက္ခရာဖြင့်မွန်
ဘာသာစာကို ရေးသားထားသည်ကို တွေ့မြင်ရလေသည်။ မွန်ဘာသာအပြင် နာဂရီအက္ခရာဖြင့်
သက္ကတ ဘာသာကို ရေးသားထားသည်ကိုလည်း တွေ့မြင်နိုင်ပါသည်။ သုတေသီတို့ရရှိသမျှ
အုတ်ခွက်များအနက်နျားသောအားဖြင့် အနော်ရထာမင်းကိုယ်တော်တိုင် စီမံပြုလုပ်ထားပြီး နိဗ္ဗန်
ဆုကို ရလိုကြောင်း ရေးသားထားသော အုတ်ခွက်များမှာ -
၁။ အုတ်ခွက်တစ်ဖက်တွင် ဘုရားရုပ်ထု လုပ်ထားပြီး ဘုရားပလ္လင်အောက်၌ မွန်အက္ခရာ
ဖြင့် ပါဠိဘာသာစာသုံးကြောင်း ရေးသားထားသော အုတ်ခွက်တစ်ခု ၊
၂။ နောက်အုတ်ခွက်တစ်ခုတွင် ဘုရားရုပ်ထုလုပ်ထားပြီး အထက်ဖော်ပြပါနည်းတူ
ဘုရားပလ္လင်အောက်၌ နာဂရီအက္ခရာကိုယူပြီး သက္ကတ ဘာသာဖြင့်ရေးသားထား
သော အုတ်ခွက်တစ်ခု ၊
မွန်အက္ခရာဖြင့် ပါဠိဘာသာရေးသားထားခြင်း၊ နာဂရီအက္ခရာဖြင့် သက္ကတ ဘာသာ
ရေးသားထားခြင်း နှစ်ရပ်လုံး၏ အဓိပ္ပယ်မှာ -
ဤဘုရားရုပ်ထုသည် အနုရုဒ္ဓအမည်ရှိ (အနော်ရထာမင်း) ကိုယ်တော်တိုင် ပြုလုပ်ထားပြီး
ထိုကောင်းမူ့ကုသိုလ်ကြောင့် သုခချမ်းသာအမှန်ပြည်နိဗ္ဗန်ကို ရပါစေ ဟု ဆုပန်ထားသည်။
၃။ နောက်အုတ်ခွက်စာတစ်ခုမှာ မိုးမိတ်မြို့ ၊ ရွှေဇာလီဘုရား တွေ့ရှိပြီးထိုစာကို
ဖတ်ရှုခြင်းဖြင့် အနော်ရထာမင်းကိုယ်တိုင် ပြုလုပ်ထားသည်ကို တွေ့မြင်ရအြန်သည်။
၎င်းအုတ်ခွက်ပေါ်တွင် ရေးသားထားသော မွန်စာလေးကြောင်းမှာ အောက်ပါအတိုင်း
ဖြစ်သည် -
ဝေါ်အ်ကျာက်အ
နိရုဒၶေဒဝ - ဂှသိၜင္ ဇု
မ်နောက် မလါတ်
နတေယ်ကုံမ်
၎။ မိုးမိတ်မြို့မှ အုတ်ခွက်နည်းတူ ကလေးမြို့တွင်လည်း
အုတ်ခွက်တစ်ခုကိုတွေ့ရှိရပြန်ပါသည် (အောက်ပုံ)
THE GREAT MYANMAR KING ANAWRAHTASMON
INCRIPTIONS ON TOW VOTIVE TABLETS.
မြန်မာဘာသာအဓိပ္ပယ်မှာ ဤဘုရားသည် အနိရုဒ္ဓဒေဝ အမည်ရှိအနော်ရထာမင်းကြီး
သည် သူ၏လက်ဖြင့် ပြုလုပ်ထားပါသည် လါတ် ဆိုသော သကားလုံးအဓပ္ပယ်မှာ ပြုလုပ်သည်
ဟူသော ရှေးဟောင်းမွန်တို့၏ ဝေါ်ဟာရဖြစ်သည်။
အနော်ရထာမင်းလုပ် အုတ်ခွက်အပြင် သူ၏မိဘုရားအမတ် သူရဲကောင်များလည်း ပြုလုပ်
ပြီး မွန်အက္ခရာကို အသုံးပြုရေးသားထားသည်ကို တွေ့မြင်နိုင်သည်။ ဥပမာ -
၁။ ဝေါ်အ်
ဗုဒ္ဓရုပ်
နိအ်ကျာက်
စိအ်ပေဟ်
အဓိပ္ပယ် - ဤဘုရားရုပ်သည် စိပေအမည်ရှိ မိဖုရားပြုလုပ်သည်။
၂။ ကျာ်ကြပ်မင်
ယသ်မလါတ်
အဓိပ္ပယ် - မင်ယသ်အမည်ရှိသော အမါတ်ပြုလုပ်ထားသည့်ဘုရား။ ကြပ်ဟူသော
အဓိပ္ပယ်မှာ မင်း ၊ အမါတ် ၊ သူရဲကောင်းဖြစ်သည်။
၃။ ကျန်စစ်သားမင်းလက်ထက်ဘုရားရုပ်တစ်ဖက်နှင့် ကျောဘက်စာသားပါသော အုတ်
ခွက်စာသည် ထားဝယ်မြို့မုထီးဘုရွာ မုထီးဘုရားအနီးမှ ပေါ်ထွက်လာသည့်ကျော
ဘက်ပါသောစာသည် အောက်ပါအတိုင်းဖြစ်သည် -
ကျာက်ဗုဒ္ဓတလဵဝေါအ်
ဍိက္တိအ္ေပါယ္ဂှသိၜန္ၾတ႘ႀတိ
ဘောဝနာဒိတျဓမ္မရာဇ် - သမ္ဗေင်အာန
န္တဇေယျဘိကြာန် - မမင်ဒဝါယ်မလ
တ် - ကာလ္တ႘လဵဒသ္က်ာ္စိ
သြဝ် - ဧယ်ဍိက် ဂေါအ်ဒသ်အရှ
န်တွာသ် - တိလဵအ်။
အဓိပ္ပယ်မှာ ကျန်စစ်သားမင်း၏ကျွန်တော်ထားဝယ်မြို့ စားအနန္တဇေယျဘိကြာန်မင်း
ပြုလုပ်သောဘုရားဖြစ်သည်။ကျွန်ုပ်၏ အရှင်သခင် ကျန်စစ်သားမင်းဘုရားဖြစ်သည်
ရှိသော် ကျွန်ုပ်သည် ဘုရား၏တပည့်ရဟန္တာဖြစ်ပါစေသား ဟူ၍ ဆုတောင်းထားပါ
သည်။
အနော်ရထာမင်းလက်ထက် အုတ်ခွက်စာကို ကြည့်ခြင်းအားဖြင့် မွန်အက္ခရာနာဂရီအက္ခရာ
နှစ်မျိုးစလုံး အသုံးပြုထားပြီး သက္ကတ ဘာသာ၊ ပါဠိဘာသာနှင့် မွန်ဘာသာတို့ဖြင့် ရေးသား
ထားခြင်းဖြစ်သည်။ အနော်ရထာမင်း လက်ထက်တွင် ပျူအက္ခရာကို အသုံးပြုပြီးရေးသားထားခြင်း
ကို မတွေ့ရပါ။
ကျန်စစ်သားမင်းလက်ထက်တွင်လည်း မွန်အက္ခရာကိုယူပြီး မွန်ဘာသာဖြင့် ရေးသားထား
သည်ကို တွေ့ ရပြန်သည်။ အနော်ရထာမင်းလက်ထက်နှင့် ကျန်စစ်သားမင်းတို့လက်ထက် မြန်မာ
ဘာသာဖြင့် ရေးသားထားသော စာမပေါ်ထွက်သေးပါ။ ကျန်စစ်သားမင်းနတ်ရွာစံလွန်ပြီးမှ
မွန်အက္ခရာယူပြီး မြန်မာဘာသာဖြင့် အသုံးပြုရေးသားလာသည်မှာ ယနေ့တိုင်ဖြစ်သည်။
အုတ်ခွက်စာသည် ကျွန်တော်တို့ ပြည်ထောင်စုမြန်မာနိုင်ငံအပြင် ယခု ယိုးဒယားပြည်
တောင်ပိုင်းရှိ ယခင် - ဒွါရဝတီနိုင်ငံ၌လည်း ပေါ်ထွက်လာည်ကို တွေ့ရလေသည်။ ဒွါရဝတီ
နိုင်ငံသည်မွန်တို့ မင်းလုပ်အုပ်ချုပ်ခဲ့သောနိုင်ငံဖြစ်သည်။ ထို့ဒေသမှတွေ့မြင်ခဲ့ရသောအုတ်ခွက်တို့
သည် ရှေးဟောင်းအကျဆုံးသောမွန် အုတ်ခွက်စာများဖြစ်နေလေသည်။ ထိုအုတ်ခွက်ပေါ်တွင်
ဘုရားရုပ်ထုပြုလုပ်ထားသော လက်ရာကိုလည်းကောင်း၊ ရေးသားထားသောမွန်စာကိုလည်းကောင်း
ထောက်ရှုကြည့်ခြင်းအားဖြင့် ထိုအုတ်ခွက်စာသည် လွန်ခဲ့သည် သာသနာသက္ကရာဇ် (၁၀၀၀ မှ
၁၆၀၀) (အေဒီ ၅၀၀ - ၁၁၀၀) အတွင်ရေးသားပြုလုပ်ထားသည်ဟု သုတေသနဆရာတို့က
မှတ်ချက်ချခဲ့ကြသည်။
တစ်နည်းအာဖြင့်ယိုးဒယားနိုင်ငံတောင်ပိုင်းတွင် မွန်တို့မြို့ပြတည်းထောင်ပြီးမင်းလုပ်အုပ်
ချုပ်လာခဲ့သည်မှာ သာသနာသက္ကရာဇ် ၁၆၀၀ ( အေဒီ - ၁၁၀၀) ထိဟုဆိုနိုင်ပါသည်။
ဘုရားရုပ်ထုထွင်းထားပြီးကမ္မည်းစာရေးထိုးသောအုတ်ခွက်တို့သည်ရှေးဟောင်းကျောက်စာ
နည်းတူသုတေသနဆရာတို့နှင့်သမိုင်းပြုစုသူတို့အတွက် များစွာအထောက်အကူပြုသည်။ မည်သည့်
ဒေသတွင်မည်သည့်ကာလမည်သည့်လူမျိုးနေထိုင်လာသည်ကို သိစွမ်းနိုင်သည်။ ဆုံးဖြတ်နိုင်သည်။
သူတို့အဖို့ သက်သေသာဓကမှတ်ကျောက်သဖွယ်ဖြစ်ပြီး အဖိုးအနဂ္ဃအလွန်ကြီးမာလှပေသည်။
မွန်လူမျိုးအဖို့လည်း ပျောက်ဆုံးနေသော မွန်သမိုင်းကို ဖော်ထုတ်လာနိုင်သဖြင့် အလွန် အ
လွန် ဂုဏ်ကျေးဇူးကြီးမာလှပေသည်။
ထို့ကြောင့် ရှေးဟောင်းဘုရားရုပ်ပွားတော်များကိုသော်လည်းကောင်း၊ ရှေးဟောင်းပစ္စည်း
များကိုသော်လည်းကောင်း၊ ရှေးဟောင်းပေစာပုရပိုဒ်များကိုသ်ေလည်းကောင်း ၊ တွေ့ရှိပါက
၎င်းတို့သည် သမိုင်းအတွက်အထောက်အကူပြုသောအရာများဖြစ်သောကြောင့်ကောင်းမွန်စွာသိမ်း
ဆည်းထားပြီး ရှေးဟောင်းပစ္စည်းများကို လေ့လာသုတေသနပြုသော ပညာရှင်များထံပြသအပ်နှံကြ
ရန် တိုက်တွန်းရင်းနိဂုံးချုပ်အပ်ပါသည်။
နိုင်ထွန်းသိန်း
ကျမ်းကိုးစာရင်း
၁။ The siam Society Newsletter Vo1,5 .NO. I . 1989 march
၂။ အေဒီခြောက်ရာစုနှင့် ယင်းမတိုင်မီရခိုင်ပြည်သုံး အက္ခရာဦးစံသာအောင်၊ ၁၉၇၄ခု၊ နိုဝင်ဘာလ

Subscribe to:
Post Comments (Atom)
ကျေးဇူးပါ
ReplyDeleteတင်ပေးတဲ့အတွက်