Friday, 25 October 2013
မွန်တို့သမိုင်း အပိုင်း ၂ (အနုပညာလက်ရာများ )
မွန်တို့သည် ထီးနှင့် နန်းနှင့် နေလာခဲ့သည့်အလောက်ယဉ်ကျေးမူအရာတွင်လည်းအဆင့်
မြင့် အောင်ကြိုးပမ်းလာကြသည်ဟု သုတေသီတို့က ဆိုကြလေသည်။ ယဉ်ကျေးမူအဆင့်မြင့်သည့်
အလောက်မွန်တို့ ရေးသားလာသော စာပေများသည်လည်း အခြားလူမျိုးများနှင့် နှိုင်းယှဉ်ပါက
အလွန် အဆင့်မြင့်သည်ကို တွေ့ရလေသည်။
လူမျိုးတစ်မျိုးသည် ၎င်း၏စာပေကို မရေးသားနိုင်မီ စကားလောက်သာရှိကြသည်။ ထိုမှ
တစ်ဆင့် စာပေဖြစ်ပေါ်လာအောင် အက္ခရာကိုရှာရလေသည်။ အက္ခရာရှာမှသာလျှင် စာပေကို ရေး
သားနိုင်ပါသည်။ ထိုသို့ ဆိုလျှင် မွန်တို့သည်စာပေရေးသားနိုင်အောင် အက္ခရာကို မည်ကဲ့သို့ရရှိပါ
သနည်းဟုမေးရန်ရှိပါသည်။ ထိုအဖြေနှင့် ပက်သတ်၍ အယူးအဆဟောင်းကို လက်ခံသော မွန်တို့
ကမွန်ကပင် ရရှိပြီး မွန်စာသည် မွန်စတင်ပေါ်ပေါက်ကတည်းကရှိနေသည်ဟု ဖြေဆိုကြပါသည်။
ထိုသို့ဆိုလျှင် မွန်စာသည် ဂေါတမမြတ်စွာဘုရား မပွင့်မီကတည်းက ရှိနေသည်ဟု ဆိုရပေမည်။
သို့ သော်ထိုအဖြေကို ခိုင်မြဲရန်အတွက် အထောက်အထားများကိုတော့ မဖော်ပြနိုင်သည်ကို
တွေ့ရလေသည်။
စင်စစ် မွန်တို့သည် အက္ခရာကို ခရစ်သက္ကရာဇ် (၄ - ၅ )ရာစုလောက်တွင် အိန္ဒိယတောင်
ပိုင်းရှိ ပလ္လဝလူမျိုးတို့၏ အက္ခရာကိုယူပြီး စာပေကို ရေးသားကြသည်ဟု သိပံ္ပသုတေသီတို့က ဆို
လေသည်။ ထိုကြောင့် ၄ - ၅ ရာစုလောက်တွင် သထုံမှ သီဟိုဋ်သို့သွား၍ ပိဋကတ်တော်များကို
ကူးယူခဲ့သောရှင်မဟာဗုဒ္ဒဃောသ လက်ထက်က ရရှိလာဟန်အကြောင်းရှိလေသည်။ ပလ္လဝလူမျိုး
တို့၏ အက္ခရာဆိုသော်လည်း ပလ္လဝအက္ခရာသည် အိန္ဓိယနိုင်ငံတွင်းသို့ ပထမရောက်ရှိလာသော
ဗြဟ္မီအက္ခရာမှ ဆင်းသက်လာသော အက္ခရာပင် ဖြစ်လေသည်။ ဗြဟ္မီအက္ခရာကို ခရစ်မပေါ်မီ
သုံးရာစုလောက်တွင် ရရှိပြီး သီရိဓမ္မသောကမင်းကြီးက စတင်ရေးသားအသုံးပြုသော အက္ခရာဖြစ်
လေသည်။
ခရစ်သက္ကရာဇ် ၅ - ရာစုလောက်မှစ၍ ယခုတိုင်ရေးသားနေသော မွန်စာပေကို ခေတ်သုံး
ခေတ်ခွဲပြီး ပိုင်းခြားထားနိုင်သည်ဟု သုတေသီတို့က ဆိုကြလေသည်။ (၅) ရာစုမှ(၁၂)ရာစုထိစာပေ
များက ခေတ်ဟောင်းစာပေ၊(၁၂)ရာစုမှ(၁၆)ရာစုစာပေများကို အလယ်ခေတ်စာပေနှင့်(၁၆)ရာစုမှ
ယခုချိန်ထိရေးသားကြသောစာပေကို ခေတ်သစ်စာပေဟု ခွဲခြားထားလေသည်။ ခေတ်ဟောင်း
စာပေဆိုသည်မှာ ယိုးဒယားပြည် ဒွါရဝတီ၊ ဟရိပုဉ္စနှင့်မြန်မာပြည်၊ သထုံနှင့် ပုဂံခေတ်တို့တွင်
ရေးသားထားသော စာပေကို ခေါ်ပါသည်။
ခေတ်ဟောင်းစာပေများသည်ကျောက်စာ၊စဥ့်ခွက်စာ၊အုတ်ခွက်စာ၊မင်စာအဖြစ်သာကျန်ရှိ
သည်ကို တွေ့ရလေသည်။ခေတ်ဟောင်း မွန်ကျောက်စာများကို ဦးစွာဖတ်ပြီး အဓိပ္ပါယ်ဖော်ဆောင်
နိုင်သူမှာ အင်္ဂလန်မှ ဒေါက်တာဘလက်တင်(dr. blagden)ဆိုသူပင် ဖြစ်ပါသည်။ ဒေါက်တာ
ဘလက်တင်မှာ ဘာသာဗေဒ၊ အက္ခရာဗေဒစသောပညာရပ်များကို သုတေသနပြုပြီးစာပေများကို
လေ့လာသူဖြစ်သောကြောင့် မွန်ခေတ်ဟောင်း စာပေကို ဖော်ထုတ်ပေးနိုင်သူ ဖြစ်ပါသည်။
ခေတ်ဟောင်း မွန်စာပေကို တွေ့နိုင်သောနေရာမှာ ယိုးဒယားပြည် ဖရပထုံဒေသ၊ ဟရိပုဉ္စဟု ခေါ်
သောလန်ဖွန်ဒေသ၊ မြန်မာပြည်တွင်သထုံနှင့် ပုဂံတို့ပင်ဖြစ်လေသည်။ အထူးသဖြင့် ပြင်းထန်သော
ရာသီဥတုဒဏ်ကိုမခံရသော ပုဂံဒေသတွင် ယခုထက်တိုင်အများအပြားကျန်ရှိနေသည်ကို တွေ့ရ
လေသည်။ ထိုခေတ်ဟောင်းစာပေများအနက် ပုဂံတွင် တွေ့ရသော ရွှေစည်းခုံဘုရားကျောက်စာနှင့်
ကျန်စစ်သား နန်းတော်တည်ကျောက်စာတို့သည် အလွန်ထင်ရှားသော စာပေများဖြစ်ပြီး အလွန်
အဆင့်အတန်းမြင့်သော စာပေများ ဖြစ်ကြလေသည်။
အလယ်ခေတ်မွန်စာပေများကိုလည်း ကျောက်စာများတွင်သာ တွေ့ရှိရလေသည်။ အလယ်
ခေတ်ကျောက်စာများသည် ဟံသာဝတီခေတ်တွင် ထင်ရှားကျော်စောသောမွန်ဘုရင်မရှင်စောပုနှင့်
ဓမ္မစေတီမင်း လက်ထက်တို့တွင်ရေးသားထားသောစာများ ဖြစ်လေသည်။ စာပေများကို လိုက်စား
လေ့လာကြသော သုတေတီတို့၏ အဆိုအရ ဟံသာဝတီခေတ်မွန်စာပေတို့သည် ပုဂံခေတ်ရေး
မွန်စာပေတို့လောက်အဆင့်မမြင့်သောစာပေဟူ၍သတ်မှတ်ကြလေသည်။ အလယ်ခေတ်စာပေတွင်
ထင်ရှားသော စာပေများမှာ ရန်ကုန်မြို့၊ ရွှေတိဂုံဘုရားရှိ ရွေတိဂုံကျောက်စာနှင့် ပဲခူးမြို့ရှိကလျာဏီ
သိမ်ကျောက်စာများပင် ဖြစ်လေသည်။
ခေတ်သစ်မွန်စာပေများကို ပေစာနှင့် ပုံနှိပ်စာအုပ်များတွင် တွေ့နိုင်းပါသည်။ ခေတ်သစ်ဟု
ဆိုသော်လည်း ပေစာများသည် ရှေ့ဟောင်းကျပြီး ပုံနှိပ်စာအုပ်ရှိ စာပေတို့သည် မျက်မှောက်ခေတ်
စာပေ ဟုခေါ်ဆိုနိုင်းပါသည်။ ခေတ်ဟောင်းစာပေနှင့် အလယ်ခေတ်စာပေများသည် များသောအား
ဖြင့် စာကားပြေဖြင့် ရေးသားသော်လည်း စာပေများတွင် အလကာင်္ နှင့် စာကားပြေ နှစ်မျိုးဖြင့်
ရေးသားကြသည်ကို တွေ့ရလေသည်။ မွန်တို့သည်ဗုဒ္ဓဘာသာကို အလွန်သက်ဝင် ယုံကြည်သူများ
ဖြစ်သည့်အလျောက်ပိဋိကတ်တော်များကို ပါဋိဘာသာ မွန်ဘာသာ စသည်တို့ဖြင့် ပေပေါ်တွင်
ရေးသားပြီး စုဆောင်းထားကြလေသည်။ ပုံနှိပ်စာအုပ်များ မထုတ်လုပ် နိုင်းမီကာလတွင် ပေနှင့်
ပုရပိုက်ပေါ်တွင်သာ ရေးသားသဖြင့် ထိုစဉ်အခါက ရေးသားထားသော ပေစာ၊ပုရပိုက်စာတို့သည်
ယခုတိုင်း နေရာအနှံအပြားတွင် တွေ့ရှိနိုင်းပါသည်။ ပိဋိကတ်စာပေများအပြင် သမိုင်း၊ ပုံပြင်၊
ဆေးကျမ်း၊ လောက်ကီရေးရာကျမ်း၊ဓမ္မသတ်စသည့် ဘာသာရပ်မျိုးမျိုးကို စာပေများတွင် ယခုတိုင်
တွေ့ရှိနိုင်းပါသည်။ မွန်ပိဋိကတ်စာပေများကို မွန်ရဟန်းတော်များကသာ စောင့်ရှောက် သိမ်းဆည်း
လေ့လာကြသဖြင့် မွန်စာပေများ မပျောက်မပျက်တည်ရှိသည်ကို အားရဝမ်းမြောက်မိသော်လည်း
ပိဋိကတ်တော်စာပေများအပြင် အခြားသမိုင်း၊ ပုံပြင် ၊ ဆေးကျမ်း စာသော အလွန်တန်ဖိုးရှိသည့်
စာပေများကို နိုင်းငံခြားမှ ပညာရှင်များသာ ရှာဖွေလေ့လာပြီး မွန်တို့အနေနှင့် လေ့လာသူမှာ
အလွန်နည်းပါးလှသဖြင့် အလွန်ဝမ်းနည်းစရာကောင်းလေသည်။အချို့စာပေများကိုအစိုးရစာကြည့်
တိုက်များတွင် သိမ်းဆည်းထားနိုင်းသော်လည်း စာကြည့်တိုက်သို့လည်း မရောက်သေးသော
အချို့ဘုန်းတော်ကြီးကျောင်းများတွင် ရှိသည့်စာပေများကိုလည်း စနစ်တကျမသိမ်းဆည်းထားနိုင်း
သဖြင့် အလွန်တန်းဖိုးရှိသော ပေစာများ ပပျောက်သွားမည်ကို အလွန်စိုးရိမ်ဖွယ်ရာ ဖြစ်
မိပါသည်။
မွန်စာပေများကို ရေးသားသောခေတ်တွင် နာမည်ကျော်ကြားသောစာရေးဆရာမှာဝေါဆရာ
တော်ပင် ဖြစ်လေသည်။ ဝေါဆရာတော်သည် ဇာတ်ကြီး ဆယ်ဘွဲ့နှင့် ငါးရာ့ငါးဆယ် နိပတ်တော်
များကို မွန်စာကားပြေဖြင့် ရေးသားသူ ဖြစ်လေသည်။ဝေါဆရာတော်သည်အခြားစာပေအများအပြား
ကိုလည်း စကားပြေရေ လကာင်္တို့ဖြင့်ပါ ရေးသားနိုင်းသောဆရာတော်ဖြစ်လေသည်။ နောက်ပိုင်း
တွင် ဝေါဆရာတော်ပြီးနောက် ပိဋိကတ်တော်နှင့် ပတ်သက်သော စာပေများနှင့် အခြားဘာသာရပ်
စာပေများကို ရေးသားရာတွင် ထင်ရှားသူမှာ အဂ္ဂမဟာပဏ္ဍိတဘွဲ့ရဦးရွှေငိုပင် ဖြစ်လေသည်။ ဦး
ရွှေငိုရေးသားထားသော စာပေများကို ပုံနှိပ်စာအုပ်အဖြင့် ရိုက်နှိပ်ထုတ်ဝေထားသည်ကို တွေ့ရလေ
သည်။

Subscribe to:
Post Comments (Atom)
No comments:
Post a Comment