Monday, 17 June 2013
ရှိခိုးနည်းလေးတော့ မှန်စေချင်
မေး။ ။ အရှင်ဘုရား တပည့်တော် ရိုသေစွာ မေးလျှောက်ပါတယ်ဘုရား။ တပည့်တော်၏ Page မှာ လူ တစ်ယောက် လာပေးထားလို့ပါ။ သူမေးထားတာက (ရှိခိုးတယ်ဆိုတဲ့ အပြုအမူဟာ ဗုဒ္ဓမပေါ်ခင်ကတည်းက ရှိနေခဲ့တာလား။ မပေါ်ခင်ကတည်းကဆိုရင် ဗုဒ္ဓကို ကိုးကွယ်သူတွေက ဆက်လက်ကျင့်သုံးတာလား။
ဒါမှမဟုတ် ဗုဒ္ဓပေါ်ပြီးကာမှ ပေါ်ပေါက်လာတာလား။ ဟုတ်တယ်ဆိုရင် ရှိခိုးတယ်ဆိုတဲ့အပြုအမူကို ဗုဒ္ဓက တီထွင်ခဲ့တာလား။ ဗုဒ္ဓကို ကိုးကွယ်တဲ့လူတွေက တီထွင်ခဲ့တာလား။ ဘာအတွက်လဲ။
ဖြေ။ ။ ရှိခိုးခြင်းဆိုတဲ့ အပြုအမှုကို ကမ္ဘာဦးခေတ်ကာလကတည်းက ပေါ်လာခဲ့တာပါ။ လူတွေဆိုတာ အကြောက်တရားများ ဖြစ်ပေါ်လာပြီဆိုရင် အားကိုးချင်တဲ့စိတ်၊ မှီခိုချင်တဲ့စိတ်၊ ကယ်တင်မဲ့သူကို လိုချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာကြပါတယ်။ အဲဒါကြောင့် ကမ္ဘာဦးခေတ်ကတည်းက လူတွေဟာ သစ်ပင်၊ တော၊ တောင်စတဲ့အရာတွေကို နည်းမျိုးစုံနဲ့ ကိုးကွယ်ပူဇော်လာကြတာပါ။ သစ်ပင်တွေကို ကိုးကွယ်ကြတော့လည်း သူတို့ရဲ့ ကြောက်လန့်မှု၊ သဘာဝအန္တရာယ်ကျရောက်မှုတွေကနေ မလွတ်မြောက်တဲ့အခါကျတော့ မမြင်ရတဲ့ နတ်၊ ဗြဟ္မာများကိုပါ ကိုးကွယ်လာကြတယ်။ ဒီလိုကိုးကွယ်ပူဇော်မှုတွေနဲ့အတူ အရိုအသေပေးမှု ‘ရှိခိုးမှု’ဆိုတာ ဖြစ်လာခဲ့ပါတယ်။
လူတစ်ယောက်ဟာ တစ်ဦးဦးရှေ့မှာ ကြောက်လန့်ပြီ၊ အားကိုးချင်ပြီ၊ ကယ်တင်စေချင်လို့ဖြစ်စေ၊ တစ်ယောက်ယောက်က မိမိထက် အသိပညာ၊ အတတ်ပညာတစ်ခုခု သာလွန်နေလို့ဖြစ်စေ ကြုံလာတဲ့အခါမှာ သူ့အလိုလို ဒူးထောက်မှုဆိုတာ ဖြစ်လာပါတယ်။ အဲဒီလို ဒူးထောက်မှုကနေ ဦးခေါင်းပါ မြေကြီးပေါ်ကို ကျရောက်လာတာပါပဲ။ ဒီလိုနဲ့ ဒူးထောက်၊ ဦးခေါင်းချခြင်းဆိုတဲ့ ရှိခိုးတဲ့ပုံစံဟာ ပေါ်လာခဲ့တာပါ။
နောက်ပိုင်းရောက်တဲ့အခါကျတော့ နယ်မြေကွာသွားတာအမျှ ပုံစံတွေလည်း ကွာခြားလာကြပါတယ်။ ခုခေတ်မှာကို တစ်နိုင်ငံနဲ့တစ်နိုင်ငံ ရှိခိုးပုံတွေက မတူညီတာကို တွေ့နေရပါတယ်။ ဥပမာ-တိဗက်ဘုန်းကြီးများ ရှိခိုးကန်တော့တဲ့အခါ မတ်တတ်ရပ်ကနေ မြေကြီးပေါ်မှာ ၀မ်းလျားမှောက်ပြီး လက်ကိုဆန့်တန်းထားကာ မြေကြီးပေါ်မှာ ခန္ဓာကိုယ်ကိုမှောက်လျက် ပြားပြားဝပ်လိုက် မတ်တတ်ပြန်ရပ်လိုက်နဲ့ ရှိခိုးကြပါတယ်။
ရှိခိုးတဲ့အပြုအမှုဟာ ဗုဒ္ဓမပေါ်ခင်ကတည်းက ရှိနေခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ မဟာဗုဒ္ဓ၀င်မှာ ဘုရားလောင်း သိဒ္ဓတ္တမင်းသားအား ကာဠဒေ၀ိလရသေ့ကို ရှိခိုးခိုင်းခြင်း၊ ဖခင်ဖြစ်သူ သုဒ္ဓေါဓနမင်းက သားဖြစ်သူဘုရားလောင်းကို ရှိခိုးခဲ့ခြင်းတို့ ပါဝင်နေတာကိုကြည့်ခြင်းဖြင့် သိနိုင်ပါတယ်။
ဗုဒ္ဓဘာသာနိုင်ငံတွေမှာလည်း တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူညီတာကို တွေ့ရပါတယ်။ တချို့က လက်အုပ်ချီပြီး မတ်တပ်ရပ်ရှိခိုးတာတို့၊ တချို့က ပျင်ပလ္လင်ခွေထိုင်ပြီး ရှိခိုးတာတို့ မျိုးစုံပါပဲ။ အဲဒီတော့ ပြင်ပရှိခိုးနည်းတွေကို မပြောတော့ဘဲ ဗုဒ္ဓစာပေမှာ ရှိခိုးခြင်းနဲ့ပတ်သတ်ပြီး ဘယ်လိုဟောထားတယ်ဆိုတာသိရှိဖို့က အဓိကကျတာမို့ ဗုဒ္ဓစာပေတွင် လာရှိတဲ့ ရှိခိုးနည်းများကို ရေးသားတင်ပြပေးပါမယ်။ ဗုဒ္ဓစာပေမှာ ရှိခိုးနည်းနဲ့ပတ်သက်လို့ (၁) ကာယဝန္ဒနာ။ (၂) ၀ါစာဝန္ဒနာ။ (၃)မနောဝန္ဒနာဆိုပြီး ရှိခိုးခြင်း (၃)မျိုးရှိပါတယ်။
၁။ နှုတ်ကမဆိုဘဲ လက်အုပ်ချီ ဦးညွတ်ဝတ်ချ ရှိခိုးတာကို ကာယဝန္ဒနာ။
၂။ နှုတ်ကနေ သြကာသ၊ နမောတဿစတာ တစ်ခုခုရွတ်ဆိုပြီး ရှိခိုးတာကို ၀ါစာဝန္ဒနာ။
၃။ ကိုယ်ရော နှုတ်ရောမပါဘဲ စိတ်နဲ့အာရုံပြု ရှိခိုးတာကို မနောဝန္ဒနာလို့ ခေါ်ပါတယ်။ (အံ၊ ၁၊ ၂၉၈)။ (ခုဒ္ဒမူလ၊ သိက္ခာ၊ ၂၃၉)
အဲဒီသုံးအပါးအနက် ကိုယ်ဖြင့်ရှိခိုးရတဲ့ (ကာယဝန္ဒနာ)မှာ
(၁) အဉ္ဇလီကမ္မ ဝန္ဒနာ။ (၂) ပဉ္စပတိဋ္ဌိ ဝန္ဒနာ။ (၃) အတိဂါရ ဝန္ဒနာ။ (၄) ထေရ ဝန္ဒနာလို့ (၄)မျိုးရှိကြောင်း ကျမ်းဂန်များမှာ တွေ့ရှိရပါတယ်။
(၁) အဉ္ဇလီကမ္မ ဝန္ဒနာ။ ။ ထိခြင်းကြီးငါးပါးနဲ့ ရှိခိုးခွင့် မဖြစ်နိုင်တဲ့အခါများမှာ လက်အုပ်လေးချီပြီး ရှိခိုးခြင်းကို ဆိုလိုတာပါ။ ဥပမာ-သန္တတိအမတ်ကြီးဟာ လူဝတ်ကြောင်နဲ့ရဟန္တာဖြစ်ပြီး ပရိနိဗ္ဗာန်ပြုတဲ့အခါ ကောင်းကင်ပေါ်ပျံနေတဲ့အတွက် မြတ်ဗုဒ္ဓကို ကောင်းကင်ပေါ်ကနေ လက်အုပ်ချီ ရှိခိုးခြင်းမျိုး၊ တစ်ခါ ရှင်ဒေ၀ဒတ်နဲ့သူ့ဖခင်တို့ မြေမျိုတဲ့အခါ မြတ်ဗုဒ္ဓအား ထိခြင်းငါးပါးနဲ့ ရှိခိုးဖို့အခွင့်မသင့်တဲ့အခါ မတ်တပ်ရပ်လျက်ပင် ရှိခိုးရတဲ့အခါမျိုးတို့မှာ ရှိခိုးခြင်းတို့ကို အဉ္ဇလီကမ္မ၀န္ဒနာလို့ ခေါ်ပါတယ်။ တချိုနေရာတွေမှာ ရဟန်းတော်များကို ဖူးမြင်ရတဲ့အခါ ထိခြင်းငါးပါးနဲ့ ရှိခိုးဖို့ အခွင့်မသာဘဲ ဖြစ်တတ်ပါတယ်။ အဲဒီအခါမျိုးမှာ အဉ္ဇလီကမ္မဝန္ဒနာနဲပဲ ရှိခိုးရပါတယ်။ အကျယ်သိချင်ပါက သုတ္တနိပါတ်အဋ္ဌကထာ၊ စူဠ၀ဂ်၊ နိဂြောဓကပ္ပသုတ်၊ (သုတ္တနိပါတ၊ ဋ္ဌ၊ ၂၊ ၇၇)တွင် ကြည့်ရှု့နိုင်ပါတယ်။
(၂) ပဉ္ဗပတိဋ္ဌိ ဝန္ဒနာ။ ။ ခြေ၊ ဒူးဆစ်၊ တံတောင်ဆစ်၊ လက်၊ ဦးခေါင်းငါးခုတို့ကို အညီအမျှပြုပြီး ကိုင်းညွှတ်ကာ ရှိခိုးအပ်တဲ့အမူအရာကို ပဉ္စပတိဋ္ဌိဝန္ဒနာလို့ ခေါ်ဆိုကြောင်း (သီလက္ခန်ဋီကာသစ်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၈)မှာ ဖွင့်ဆိုပြထားပါတယ်။ (၁) ခြေဖျားတို့ မြေ(ကြမ်းပြင်)မှာ တည်ရှိရမယ်။ (၂)ဒူးဆစ်တို့ မြေ(ကြမ်းပြင်)မှာ တည်ရှိရမယ်။ (၃) တံတောင်ဆစ်တို့ မြေ(ကြမ်းပြင်)မှာ တည်ရှိရမယ်။ (၄)လက်ဖ၀ါးတို့ မြေ(ကြမ်းပြင်)မှာတည်ရှိရမယ်။ (၅) နဖူးကို မြေ(ကြမ်းပြင်)မှာ တည်ရှိရမယ်။ အဲဒီ(၅)ချက်နဲ့ပြည့်စုံတဲ့ ရှိခိုးခြင်းကို ပဉ္စပတိဋ္ဌိ ရှိခိုးခြင်းလို့ ခေါ်ပါတယ်။ ခြေ၊လက် ၊ နဖူး ၊တစ်တောင်၊ ဒူး ငါးဦးညီမှသာလို့ဆိုတဲ့အတိုင်းပါပဲ။
(၃) အတိဂါရ ဝန္ဒနာ။ ။ အတိဂါရ ဝန္ဒနာဆိုတာက တည်(ထိ)ခြင်းကြီးငါးပါးနဲ့ ရှိခိုးပြီးတဲ့နောက် ခြေကိုဖက်ခြင်း၊ ပွတ်ခြင်း၊ မျက်နှာနဲ့ အပ်ခြင်းတို့ဖြင့် လွန်လွန်ကဲကဲ ရိုသေမြတ်နိုးတဲ့အမူအရာနဲ့ ရှိခိုးခြင်းကို အတိဂါရ ဝန္ဒနာလို့ ခေါ်ပါတယ်။
ထိုအတိဂါရ ဝန္ဒနာ နဲ့စပ်လို့ ဘုရားရှင်လက်ထက်က သာဝတ္ထိမြို့မှာ အလွန်မာနကြီးတဲ့ ပုဏ္ဏားတစ်ဦးရှိခဲ့ဖူးတယ်။ သူ့နာမည်က မာနတ္ထဒ္ဓလို့ ခေါ်ပါတယ်။ သူဟာ အခြားခြားသော မိတ်ဆွေသူငယ်ချင်းများအပေါ်မှာ မာနကြီးရုံတင်မက ကိုယ့်ရဲ့ မိခင်ဖခင်တို့အပေါ်မှာတောင် မာနမချ။ ဒါကြောင့် မိဘများကိုလည်း ရှိမခိုး၊ ဆရာသမားကိုလည်း မရိုသေ၊ အစ်ကိုကြီး အစ်မကြီးများကိုလည်း မလေးစားဘဲ ရှိနေတယ်။ တစ်နေ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ပရိသတ်များကို တရားဟောတော်မူနေပါတယ်။ ထိုအခိုက် တရားပွဲရှိရာသို့ မာနတ္ထဒ္ဓပုဏ္ဏား ရောက်လာပါတယ်။
“ငါ့ကို ရဟန်းဂေါတမက စတင်ပြီးစကားပြောမှ ငါ စကားပြန်ပြောမယ်” လို့ စိတ်အကြံနဲ့ စကားမပြောဘဲ နေခဲ့ပါတယ်။ ဘုရားရှင်ကလည်း မာနနဲ့ထိုင်နေတဲ့ ပုဏ္ဏားကို စကားမပြောဘဲနေလိုက်ပါတယ်။ ထိုအခါ ပုဏ္ဏားက “ရဟန်းဂေါတမဟာ ငါလို ဇာတ်မြင့်တဲ့သူက တရားနာလာတာတောင် နှုတ်ဆက်စကား ပြောခြင်းမရှိ၊ ငါ့ရဲ့စိတ်အကြံကိုလည်း သိပုံမရပါဘူး။ သိစရာအားလုံးကို သိတယ်ဆိုတာ ဟုတ်ဟန်မတူပါဘူးလေ” လို့တွေးပြီး ထပြန်ဖို့ ဟန်ပြင်ပါတော့တယ်။ အဲဒီအခါကျမှ ဘုရားရှင်က ပုဏ္ဏားရဲ့စိတ်အကြံကို သိတော်မူတဲ့အတွက် “အသင်ပုဏ္ဏား….မိမိအကျိုးလိုလားတဲ့သူများဟာ မာန်မာနထောင်နေလို့ ဘာအကျိုးထူးလာမှာလဲ၊ အကျိုးမရတဲ့အပြင် အရှုံးသာအဖတ်တင်မှာပေါ့။ မိမိက အကျိုးလိုလားလို့ လာခဲ့တယ်ဆိုရင် ထိုအကျိုးတရားများ တိုးပွားအောင် ပြုလုပ်ဖို့လိုတာပေါ့” လို့ မိန့်တော်တော်မူလိုက်ပါတယ်။ ထိုအခါ ပုဏ္ဏားက “ငါ့ရဲ့စိတ်အကြံကို ဘုရားရှင် သိတော်မူနေပါလား” ဆိုပြီး စိတ်အားတက်ကြွ ဝမ်းသာကြည်ညိုမှုတွေ ဖြစ်ခဲ့ရပြီး၊ ဘုရားရှင်ရဲ့ ခြေတော်အစုံကို သူ့ရဲ့ဦးခေါင်းနဲ့ပွတ်တိုက်၊ ပါးစပ်နဲ့လဲ စုပ်ကာ လက်နဲ့လဲ ဆုပ်နယ်ပြီး ရှိခိုးနေပါတော့တယ်။ အဲဒီလိုရှိခိုးခြင်းကို အတိဂါရဝန္ဒနာလို့ ခေါ်ပါတယ်။ တဖန် အညာသိကောဏ္ဍညမထေရ်က ဘုရားရှင်အား ပရိနိဗ္ဗာန်စံဖို့အကြောင်း လျှောက်ထားပြီးတဲ့နောက် ရှိခိုးတဲ့အခါမှာလည်း အတိဂါရဝန္ဒနာဖြင့် ရှိခိုးခဲ့တာကို တွေ့ရပါတယ်။ (သံ၊ ၁၊ ၁၈၀)
(၄) ထေရဝန္ဒနာ။ ။ သီတင်း(သိက္ခာဝါ)ငယ်တဲ့ရဟန်းက မထေရ်ကြီးများအား ရှိခိုးတာကိုတော့ ထေရဝန္ဒနာလို့ ခေါ်ပါတယ်။ ထိုရှိခိုးနည်းမှာ (စံပယ် လက်အုပ် ခြေဆုပ် ချစ်ခင် ရိုသေထင် ငါးအင်ရှိခိုးနည်း)ဆိုတဲ့ လင်္ကာနဲ့အညီ ရဟန်းငယ်များက သိက္ခာဝါကြီးသော ဆရာတော်ကြီးများကို ရှိခိုးတဲ့အခါ (၁)လက်ယာပုခုံးကိုသင်္ကန်းနဲ့ မခြုံရုံရ လက်ယာပုခုံးကို ဖေါ်ပြီး လက်ဝဲလက်ပေါ်မှာ လက်ကတော့ စံပယ်တင်ရုံရပါမယ်။ (၂) လက်အုပ်ချီရမယ်။ (၃) ရှိခိုးတဲ့အခါ မထေရ်ကြီးရဲ့ခြေကို လက်ဖြင့် ဆုပ်ကိုင်ရမယ်။(၄) ချစ်ခင်ကြည်ညိုခြင်းကို ဖြစ်စေရပါမယ်။ (၅) လေးစားမြတ်နိုးတဲ့ အမူအရာရှိရမယ်။ ထိုအင်္ဂါ (၅)ချက်နဲ့ ရဟန်းငယ်က မထေရ်ကြီးများ ရှိခိုးခြင်းကို ထေရဝန္ဒနာလို့ ခေါ်ပါတယ်။ (သုတ္တနိပါတ်ပါဠိတော်၊ စူဠ၀ဂ်၊ နိဂြောဓကပ္ပသုတ်၊ (သုတ္တနိပါတ၊ ပါ၊ ၃၃၀)။ (သီလက္ခန်ဋီကာသစ်၊ ဒုတိယအုပ်၊ စာမျက်နှာ(၁၈)၊ (မဟာသုတဒီပနီကျမ်း၊ ပထမတွဲ)
ယခု ဖော်ပြခဲ့တဲ့ ရှိခိုးနည်းများကတော့ ကျမ်းဂန်လာ ထေရ၀ါဒဗုဒ္ဓဘာသာဝင်များ ကျင့်သုံးတဲ့နည်းများ ဖြစ်ပါတယ်။ ဒီလောက်ဆိုရင်တော့ ရှိခိုးနည်းနဲ့ပတ်သက်ပြီး ပြည့်စုံလောက်ပြီမို့ ဒီမျှနဲ့ပဲ နိဂုံးချုပ်ရင်း ရှိခိုးနည်းလေး မှန်ကန်စွာ လိုက်နာကျင့်သုံးနိုင်ကြပါစေလို့ ဆန္ဒပြုလျှက်..........။
အရှင်ကောမလ ဆန်နီနေမင်း
ခေတ္တ-မြန်မာပြည်၊ ဖုန်း၊ ၀၉-၄၂၀၀၆၄၂၆၅

အသည်းအဆီဖုံးရောဂါအတွက် သိသင့်သောအချက်
အသည်းအဆီဖုံးခြင်းသည် အမျိုးသားများထက် အသက်အရွယ်ကြီးပိုင်း အဝလွန်သောအမျိုးသမီးများတွင် ပိုမိုဖြစ်ကြပါတယ် ။ ဌင်းရောဂါသည့် အမျိုးသားများထက် အမျိုးသမီးများတွင် ၆၀ ရာခိုင်နှုန်း ပိုမိုဖြစ်ပွားလေ့ရှိပါတယ် ။
ဒီရောဂါဖြစ်ပွားရခြင်းသည် အဓိကတော့ အဆီပါဝင်မှု့ များသော အစားသောက်များကို လွန်ကဲစွာ စားသုံးခြင်းကြောင့် ဖြစ်ပွားရပါသည် ။ အဆီအဆိမ့်ပါဝင်နှုန်းများပြားသည့် အစားအစာများမှာ မလိုင် ၊ ထောပတ် ၊ ဒိန်ခဲ နှင့် နို့ ထွက်ပစ္စည်းများဖြင့် အထူးပြု့ လုပ်ထားသော မုန့် မျိုးစုံအစားသောက်တွင် Cholesterol များစွာပါဝင်ခြင်းကြောင့် ရေရှည်စားသုံးလာခဲ့လျှင် အသည်းအဆီဖုံးခြင်းကို ဖြစ်ပေါ်စေပါတယ် ။
တာရှည်ခံအောင် အထူးစီမံပြု့ လုပ်ထားသော စည်သွတ်ဘူးများတွင် လူခန္ဓာကိုယ်ကို ဆိုးကျိုးဖြစ်စေနိုင်သော အဆီဓာတ်များပါဝင်နေခြင်းကြောင့် စည်သွတ်ထားသော သား ငါး တွေကိုလည်း ရှောင်ကြဉ်ရမှာပါ ။
ထိုအပြင် အသားများတွင် အဆီများများပါဝင်သည့် ကြက် ၊ ဘဲ ၊ ငါး၏အရေပြား ၊ ကြက်ဥ ၊ ဘဲဥ ၊ ငုံဥ ၊ အဆီပိုသော အမဲသား နှင့် ဝက်သားများကို ရှောင်ရှားသင့်ပါသည် ။ ဌင်းအစားသောက်များကို စားသောက်လျှင် အသီးအချဉ် နှင့် ဟင်းရွက်အသီးအနှံများကိုပါ ရောနှောစားသောက်ပါ သို့ သော အသားများကို အလွန်အကျွံစားသောက်တက်ခြင်းကို လျှော့ရပါလိမ့်မည် ။ သင်သည် အဆီများသော အစားသောက်များကို စားသောက်ပြီးလျှင် အေးသောရေကို ချက်ခြင်းသောက်သုံးခြင်း မပြုသင့်ပါ ။
အသည်းအဆီဖုံးခြင်း ဖြစ်နေသောသူများတွင် ဆက်လက်ပြီးတော့ အသိပေးလိုတာက အဆီများစွာဖြင့် ကြော်လှော်ထားသော အစားသောက်များ ၊ အုန်းသီး အုန်းနို့  ၊ အထူးသဖြင့် စားအုန်းဆီတို့ ကိုရှောင်သင့်ပြီး အမျိုးသားများတွင် စားသုံးလေ့ရှိသည့် အရက် ၊ ဆေးလိပ် နှင့် ကွမ်းစားခြင်းကိုပါ ရှောင်ကြဉ်ပါ ။
အသည်းအဆီဖုံးသူအတွက် ဂတ်စ်များစွာ ပါဝင်နှုန်းဖြင့်စီမံထုတ်လုပ်ထားသော အချိုရည် ဗူးကိုသောက်သုံးခြင်းကို အထူး ရှောင်ရှားပါ ။
ဝေဒနာသည်အနေနှင့် စားသုံးသင့်သည့် အစာအဟာရများကတော့ လက်ဆတ်သော ဟင်းသီးဟင်းရွက် ၊ အရည်ရွမ်းသော အသီးအနှံများ ၊ မလှိုင်ဖယ်ထားသော နို့ နှင့် အဆီပါဝင်မှု့ နည်းပါသော အသား ၊ ငါး ၊ ပုဇွန် တို့ ဘဲ ဖြစ်ပါတယ် ။ အသီးဖျော်ရည်များဖြစ်သော သံပုရာရည် ၊ ရှောက်သီးဖျော်ရည် ၊ ဂရိတ်ဖု ဖျော်ရည်များကို မကြာမကြာ သောက်သုံးသင့်ပါသည် ။
Myawady News

မျက်နှာကလေးဖြူဖွေးနူးညံ့နေစေဖို့
အမျိုးသား အမျိုးသမီး တို့အတွက် အသုံးဝင်တဲ့နည်းလေးပါ..
လူတိုင်း အလှနဲ့ပတ်သက်ရင် မျက်နှာကို ပထမ ဦးစားပေးကြပါတယ်။
ကိုယ်မျက်နှာလေး နူးညံ့ဝင်းပ ချော့မွေ့ နေစေဖို့ အတွက် သကြားရဲ့ လျှို့ဝှက်ချက်တချို့ကို မျှဝေပေးချင် ပါတယ်။
သကြားဟာ တကယ်တော့ ကာဗွန် တမျိုးပါဘဲ။ သကြားမှာ ကာဗွန်ရဲ့ သဘောအတိုင်း အညစ်အကြေး၊ အနံ့အသက်တွေ ကို စုပ်ယူ တတ်တဲ့ သဘာဝ ရှိပါတယ်။ မျက်နှာပြင်အောက်က အညစ်အကြေး၊ အနံ့အသက်တွေကို သကြားက စုပ်ယူနိုင်စွမ်းရှိပါတယ်။
လုပ်ပုံလုပ်နည်းကလေးကတော့ နေ့စဉ် ည အိပ်ရာမ၀င်မီ ၁ နာရီလောက် အလိုတိုင်း မျက်နှာကို ရေနွေး ခပ်နွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ အသုံးပြုတဲ့ ဆပ်ပြာကလည်း အကြမ်းစား အပေါစားတွေတော့ မသုံးသင့်ပါဘူး။ သင့်တင့်တဲ့ မျက်နှာ သစ် ဆပ်ပြာအနုစား တမျိုးမျိုးနဲ့ သုံးတာပိုသင့်တော်ပါတယ်။
မျက်နှာသစ်ပြီး ၁၅ မိနစ်လောက် မျက်နှာက ရေကို မသုပ်ဘဲ ထားရပါမယ်။ ပြီးရင်တော့ သကြားမှုံမှုံမျိုးကို မိမိရဲ့ မျက်နှာပြင်မှာ ညင်သာစွာနဲ့ ပွတ်ပေးရပါမယ်။ တဖြည်းဖြည်းချင်း ပွတ်နေရင်းက ကိုယ်ပူချိန်ကြောင့် မျက်နှာဟာ ချွဲလာပါမယ်။
အဲဒီလို သကြားမှုံများ ပျော်သွားပြီး ချွဲလာသည်အထိ ၁၅ မိနစ်ခန့် ညင်သာစွာနဲ့ မျက်နှာ တပြင်လုံးကို ပွတ်နယ်ပေးနေပါ။ ၁၅ မိနစ်ကြာပြီးနောက်ပိုင်း သူ့ကို ဒီအတိုင်း မိနစ် ၃၀ ခန့် ထားလိုက်ပါ။ ပြီးတော့ မှ ရေနွေးနွေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။ ပြီးမှ မျက်နှာသုပ်ပုဝါနဲ့ ရေသုပ်ပေးပါ။
ဒီလိုလုပ်ဆောင်တာကို မနက်အစောနဲ့ ညပိုင်းတွေမှာ တနေ့ ၂ ကြိမ်လည်း လုပ်နိုင်ပါတယ်။
ရက်သတ္တပတ် ၃ ပတ်ခန့်မှာ သင့်မျက်နှာဟာ သိသိသာသာ နူးညံ့ချောမွေ့ဝင်းပလာမှာကို သင် ကိုယ်တိုင် မြင်တွေ့လာရပါမယ်။ အသားညိုသူတွေလည်း စိုပြေ၀င်းပလာတာကို သတိထားမိလာပါလိမ့် မယ်။
မျက်နှာပြင်အောက်မှာ ရှိတဲ့ ဆားဝက်ခြံ၊ တင်းတိတ်၊ အရေပြား တွန့်တာ၊ မျက်ရစ်ကျတာ၊ အသားတွဲ တာ၊ ချွေးပေါက်တွေ ကျယ်ပြီး ကြီးတာ၊ အဆီအမြဲပျံနေတတ်တာ၊ မျက်နှာပြင်ခြောက်သွေ့ပြီး မျက်နှာက တင်းတင်းရင်းရင်း မရှိဘဲ ကျနေတာမျိုး တွေကို သကြားရဲ့ ဓာတ်က ပြုပြင် စုပ်ယူသွားမှာဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံထုတ် မဂ္ဂဇင်း တစောင်ရဲ့ အလှတရားရဲ့ လျှို့ဝှက်ချက်များ ကဏ္ဍထဲက သကြားအကြောင်း တစိပ်တပိုင်းကို ဖော်ပြပေး လိုက်တာပါ။
Credit To: ဧရာဝတီ
Labels:
ကျန်မာရေးဆိုင်ရာ စာစု

မျက်နှာကလေးဖြူဖွေးနူးညံ့နေစေဖို့
အမျိုးသား အမျိုးသမီး တို့အတွက် အသုံးဝင်တဲ့နည်းလေးပါ..
လူတိုင်း အလှနဲ့ပတ်သက်ရင် မျက်နှာကို ပထမ ဦးစားပေးကြပါတယ်။
ကိုယ်မျက်နှာလေး နူးညံ့ဝင်းပ ချော့မွေ့ နေစေဖို့ အတွက် သကြားရဲ့ လျှို့ဝှက်ချက်တချို့ကို မျှဝေပေးချင် ပါတယ်။
သကြားဟာ တကယ်တော့ ကာဗွန် တမျိုးပါဘဲ။ သကြားမှာ ကာဗွန်ရဲ့ သဘောအတိုင်း အညစ်အကြေး၊ အနံ့အသက်တွေ ကို စုပ်ယူ တတ်တဲ့ သဘာဝ ရှိပါတယ်။ မျက်နှာပြင်အောက်က အညစ်အကြေး၊ အနံ့အသက်တွေကို သကြားက စုပ်ယူနိုင်စွမ်းရှိပါတယ်။
လုပ်ပုံလုပ်နည်းကလေးကတော့ နေ့စဉ် ည အိပ်ရာမ၀င်မီ ၁ နာရီလောက် အလိုတိုင်း မျက်နှာကို ရေနွေး ခပ်နွေးနွေးလေးနဲ့ မျက်နှာသစ်လိုက်ပါ။ အသုံးပြုတဲ့ ဆပ်ပြာကလည်း အကြမ်းစား အပေါစားတွေတော့ မသုံးသင့်ပါဘူး။ သင့်တင့်တဲ့ မျက်နှာ သစ် ဆပ်ပြာအနုစား တမျိုးမျိုးနဲ့ သုံးတာပိုသင့်တော်ပါတယ်။
မျက်နှာသစ်ပြီး ၁၅ မိနစ်လောက် မျက်နှာက ရေကို မသုပ်ဘဲ ထားရပါမယ်။ ပြီးရင်တော့ သကြားမှုံမှုံမျိုးကို မိမိရဲ့ မျက်နှာပြင်မှာ ညင်သာစွာနဲ့ ပွတ်ပေးရပါမယ်။ တဖြည်းဖြည်းချင်း ပွတ်နေရင်းက ကိုယ်ပူချိန်ကြောင့် မျက်နှာဟာ ချွဲလာပါမယ်။
အဲဒီလို သကြားမှုံများ ပျော်သွားပြီး ချွဲလာသည်အထိ ၁၅ မိနစ်ခန့် ညင်သာစွာနဲ့ မျက်နှာ တပြင်လုံးကို ပွတ်နယ်ပေးနေပါ။ ၁၅ မိနစ်ကြာပြီးနောက်ပိုင်း သူ့ကို ဒီအတိုင်း မိနစ် ၃၀ ခန့် ထားလိုက်ပါ။ ပြီးတော့ မှ ရေနွေးနွေးလေးနဲ့ ဆေးကြောပေးလိုက်ပါ။ ပြီးမှ မျက်နှာသုပ်ပုဝါနဲ့ ရေသုပ်ပေးပါ။
ဒီလိုလုပ်ဆောင်တာကို မနက်အစောနဲ့ ညပိုင်းတွေမှာ တနေ့ ၂ ကြိမ်လည်း လုပ်နိုင်ပါတယ်။
ရက်သတ္တပတ် ၃ ပတ်ခန့်မှာ သင့်မျက်နှာဟာ သိသိသာသာ နူးညံ့ချောမွေ့ဝင်းပလာမှာကို သင် ကိုယ်တိုင် မြင်တွေ့လာရပါမယ်။ အသားညိုသူတွေလည်း စိုပြေ၀င်းပလာတာကို သတိထားမိလာပါလိမ့် မယ်။
မျက်နှာပြင်အောက်မှာ ရှိတဲ့ ဆားဝက်ခြံ၊ တင်းတိတ်၊ အရေပြား တွန့်တာ၊ မျက်ရစ်ကျတာ၊ အသားတွဲ တာ၊ ချွေးပေါက်တွေ ကျယ်ပြီး ကြီးတာ၊ အဆီအမြဲပျံနေတတ်တာ၊ မျက်နှာပြင်ခြောက်သွေ့ပြီး မျက်နှာက တင်းတင်းရင်းရင်း မရှိဘဲ ကျနေတာမျိုး တွေကို သကြားရဲ့ ဓာတ်က ပြုပြင် စုပ်ယူသွားမှာဖြစ်ပါတယ်။
ပြင်သစ်နိုင်ငံထုတ် မဂ္ဂဇင်း တစောင်ရဲ့ အလှတရားရဲ့ လျှို့ဝှက်ချက်များ ကဏ္ဍထဲက သကြားအကြောင်း တစိပ်တပိုင်းကို ဖော်ပြပေး လိုက်တာပါ။
Credit To: ဧရာဝတီ
Labels:
ကျန်မာရေးဆိုင်ရာ စာစု

Thursday, 6 June 2013
ကမ္ဘာကြီးကို ပြောင်းပြန်မြင်နေရသူအမျိုးသမီး
အမျိုးသမီးတွေ မြေပုံစာရွက်ကို မဖတ်တတ်ဘူးလို့ ပြောချင်တာလား ဒါဆို ဒီသတင်းလေးဖတ်ကြည့်ပါဦး
တကယ်တော့စာသားတွေကို ပြောင်းပြန်ဖတ်ဖို့ဆိုတာ မလွယ်ကူတဲ့အလုပ်ဖြစ်ကြောင်းသင်သိမှာပါ ဒါပေမယ့် အခု ဆိုက်ဘေးရီးယားက အမျိုးသမီးတစ်ဦးကတော့ စာတွေကိုပြောင်းပြန်ဖတ်နိုင်စွမ်းရှိပါတယ် ။
သူ့နာမည်ကို Bohana Danilovic လို့ခေါ်ပြီးအသက်က ၂၈ နှစ်ဝန်းကျင် ဆိုက်ဘေးရီးးယား ကောင်စီအလုပ်သမားတစ်ဦးဖြစ်တယ် ။ သူ့ဦးနှောက် ဖြစ်စဉ်တွင်းရဲ့ပုံရိပ်ဖော်မှုအပိုင်းမှာ ထူးထူးဆန်းဆန်းတွေဖြစ်ပေါ်နေလျှက်ရှိပါတယ် ။
ကျွန်တော်တို့မြင်နေရတာတွေက အတည့်အတိုင်းဖြစ်ပေမယ့် သူမကတော့ ပြောင်းပြန်တွေပဲမြင်နေခဲ့တယ် ။ သူမအတွက်တော့ တစ်ကမ္ဘာလုံးဟာ ဇောက်ထိုးမိုးမျှော်တွေပါပဲ ။ အမေရိကန် ဟားဗတ်တက္ကသိုလ်မှ Ms Danilovic ကတော့ ဒါဟာ Spatial Orientation Phenomenon လို့ခေါ်တဲ့အခြေအနေတစ်မျိုးခံစားနေရတာလို့ဆိုတယ် ။ ဒန်နီလိုဗစ်လို အခြေအနေမျိုးကြုံတွေ့သူတွေရှိပေမယ့်သူတို့ဟာစာကိုပဲ အပေါ်အောက်ရေးနိုင်ဖတ်နိုင်ကြပေမယ့် ဒန်နီလိုဗစ်လိုတော့ တစ်ကမ္ဘာလုံးပြောင်းပြန်မြင်နေတာတော့မဟုတ်ပါဘူး ။
“ ဘာကြောင့် ဒီလိုဖြစ်တယ်ဆိုတာ ကျမ တိတိကျကျမသိပါဘူး ဒီလိုဖြစ်လာတယ် ကျမဦးနှောက်ထဲကဘယ်နေရာမှာ ဘာတွေဖြစ်နေကြပါလိမ့် ” လို့ လွန်ခဲ့တဲ့အပတ်က ဒန်နီလိုဗစ်ကပြောခဲ့တယ် ။ “ သူတို့ကပြောတယ် ကျမလိုပဲ စာတွေပြောင်းပြန်ရေးနိုင်တဲ့သူတွေ ဖတ်နိုင်တဲ့သူတွေ သမိုင်းမှာ ကြုံခဲ့ဖူးတယ်တဲ့ ဒါပေမယ့် ကျွန်မလို အခြေအနေတစ်ရပ်လုံးတော့မတူညီကြပါဘူး ”
သူမအတွက်ကို ပြောင်းပြန်လှန်ထားတဲ့ကွန်ပြူတာနဲ့ အထူးပြုလုပ်ထားတဲ့ ကီးဘုတ်တစ်ခု မှာယူထားရပါတယ် ။ ခက်ခဲတဲ့တစ်နေ့တာကို ဖြတ်သန်းပြီးအိမ်ပြန်ရောက်ပြီဆိုရင် မိသားစုက တခြားမှာ တီဗွီတစ်လုံးနဲ့ကြည့်တယ် သူမက သပ်သပ်တစ်လုံးနဲ့ကြည့်ပါတယ် ။
Source : News.com.au< a herf="http://www.thettantcho.com/2010/10/bortsch.html">


Subscribe to:
Posts (Atom)